စစ်ရေးကန့်သတ်ချက်များ - ပြုပြင်ပြောင်းလဲရန် ဂျပန်ကြေညာ
ဂျပန်နိုင်ငံရဲ့ စစ်အင်အား အသုံးပြုမှုကို အလွန်အကျွံ ကန့်သတ်တဲ့ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့ ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ကြေညာလိုက်ပါတယ်။
စစ်တပ်ကို အင်အား ပိုမိုသုံးခွင့်ပြုတဲ့ ဥပဒေကို အတည်ပြုလိုက်ရင် ဂျပန်နိုင်ငံကို အန္တာရာယ် မကျရောက် ရင်တောင် ဂျပန်စစ်တပ်အနေနဲ့ တခြားနိုင်ငံတွေကို စစ်အင်အား အကူအညီပေးနိုင် မှာပြီး ပြည်ပမှာ အန္တာရာယ် ရောက်နေတဲ့ ဂျပန်နိုင်ငံသားတွေကို ဂျပန်တပ်ဖွဲ့တွေက ကယ်ဆယ်နိုင် မှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ စစ်အင်အား အသုံးပြုမှုကို အလွန်အကျွံ ကန့်သတ်တဲ့ အခြေခံဥပဒေကို ဒုတိယ ကမ္ဘာစစ် နောက် ပိုင်းမှာ စတင် ပြဋ္ဌဌာန်းခဲ့တာ ဖြစ်ပါတယ်။
စစ်ရေး ကန့်သတ်ချက်ကို ဂျပန်အစိုးရ ပြောင်းလဲ ပြင်ဆင်ရေးအစီအစဉ်နှင့်ပတ်သက်ပြီး နိုင်ငံသားတချို့ နှင့် အိမ်နီးချင်းတွေက စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

0 မှတ်ချက်များ for "စစ်ရေးကန့်သတ်ချက်များ - ပြုပြင်ပြောင်းလဲရန် ဂျပန်ကြေညာ"