နိုငံရေးအကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားနေတဲ့အပေါ် ထိုင်းစစ်တပ်သတိပေး
ဘန်ကောက်မြို့မှာ အစိုးရထောက်ခံသူတွေက လက် ပစ်ဗုံး၊ သေနတ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် အစိုးရ ဆန့်ကျင်ဆန္ဒပြသူ ၃ ဦးသေ၊ ၂၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဘန်ကောက်မြို့ အရေးပေါ် ဌာန တာဝန်ရှိသူတွေ ကပြောပါတယ်။
နိုင်ငံပြုပြင်ပြောင်းလဲမှုတွေ
လုပ်ဆောင်နေချိန်မှာ အိမ်စောင့်အစိုးရကို ဖျက်သိမ်းပြီး ဘက်မလိုက်သော အုပ်ချုပ်ရေးကောင်စီ တရပ်ဖွဲ့စည်းပြီး ယာယီအုပ်ချုပ်စေဖို့ အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေက တောင်းဆို
နေကြတာ ဖြစ်ပါတယ်။
နေကြတာ ဖြစ်ပါတယ်။
အခုလို အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားနေတာကြာင့် ဇူလိုင်လ မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ အတွက် ရွေးကောက်ပွဲအာဏာပိုင်တွေက တောင်းဆို လိုက်ပါတယ်။
နိုင်ငံရေး အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပေါ်လာမယ်ဆိုရင်
စစ်တပ်က မဖြစ်မနေ ကြားဝင် လာရနိုင် တယ်လို့ ရုပ်မြင်သံကြားကနေ
ထိုင်းစစ်တပ် အကြီးအကဲဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ General Prayut
Chan-O-Cha က သတိပေးလိုက်ပါတယ်။
ဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်ကို အာဏာအလွဲသုံး စားမှုနဲ့
ဖွဲ့စည်းပုံခုံရုံးက ရာထူးကဖယ်ရှားအပြီး သီတင်း တပတ်အကြာမှာ
အခုလိုအကြမ်းဖက် တိုက်ခိုက်တာတွေဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။
Ms. Yingluck ကိုထောက်ခံ သူတွေကတော့ သူတို့အစိုးရကို ခုခံကာကွယ်ကြမယ်လို့ ကြုံးဝါးနေကြပါတယ်။


0 မှတ်ချက်များ for "နိုငံရေးအကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားနေတဲ့အပေါ် ထိုင်းစစ်တပ်သတိပေး"