အရေးပါတဲ့စစ်တပ် ကိုယ်စားလှယ် ငြိမ်း ချမ်းရေးဆွေးနွေးပွဲ တက်ရာက်ရန် ပျက်ကွက်
အပစ်အခတ် ရပ်စဲရေးအတွက် အရေးပါသည့်
ဆွေးနွေးပွဲ တစ်ခုဖြစ်သော ယနေ့ပြုလုပ်သည့်
ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO, ကိုယ်စားလှယ်အဖွဲ့
မြစ်ကြီးနား တွေ့ဆုံဆွေးနွေးပွဲသို့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး တက်ရောက်နိုင်ခြင်း မရှိကြောင်း သိရသည်။
ဆွေးနွေးပွဲ တစ်ခုဖြစ်သော ယနေ့ပြုလုပ်သည့်
ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO, ကိုယ်စားလှယ်အဖွဲ့
မြစ်ကြီးနား တွေ့ဆုံဆွေးနွေးပွဲသို့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး တက်ရောက်နိုင်ခြင်း မရှိကြောင်း သိရသည်။
မြစ်ကြီးနားမြို့ ဆွေးနွေးပွဲကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်းက ဦးဆောင် ဆွေးနွေးမည် ဖြစ်ကြောင်း၊ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး တက်ရောက်နိုင်ခြင်း မရှိကြောင်း ဦးလှမောင်ရွှေက ပြောကြားသည်။
ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး ဆွေးနွေးပွဲသို့ မတက်ရောက်နိုင်ခြင်းအကြောင်းရင်းနှင့် ပတ်သက်ပြီး ဖြေဆိုဖို့ ဦးလှမောင်ရွှေ က ငြင်းဆိုခဲ့သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးသည် အစိုးရနှင့် KIO တို့၏ ယခင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အထူးအာဏာကုန် လွဲအပ်ခြင်း ခံရသည့် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးအဖြစ် စစ်ဘက်ရေးရာ ကိစ္စများကို ဆွေးနွေးခဲ့သူ ဖြစ်သည်။
အစိုးရနှင့် KIO တို့၏ ယခုတစ်ကြိမ် ဆွေးနွေးပွဲသည် ကချင်ပြည်နယ်တွင် ဧပြီလဆန်းမှ စတင်ကာ ဖြစ်ပွား ခဲ့သော တိုက်ပွဲများနှင့် ပတ်သက်၍ ဆွေးနွေးရန်အတွက် KIO ဗဟိုက ဖိတ်ကြားခဲ့ခြင်း ဖြစ်ပြီး အစိုးရ ဘက်မှ ဆွေးနွေးပွဲ တက်ရောက်မည့် အမည်စာရင်းတွင် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၏ အမည်စာရင်း ပါဝင်ကြောင်း၊ သို့သော်လည်း မေလ ၁၂ ရက်နေ့ ညနေ ၆ နာရီ အချိန်ထိ ရောက်ရှိလာခြင်း မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) မှ သိရှိရသည်။
KIO ဘက်မှ ဦးဆွမ်းလွတ်ဂမ်က ဦးဆောင် ဆွေးနွေး မည် ဖြစ်ပြီး ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါအဝင် ကိုယ်စားလှယ် ၁၀ ဦး တက်ရောက်သည်။
ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ရန်အတွက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်း
ဆောင်ရွက်ရေးအဖွဲ့ (NCCT)၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ် မစ္စမာရီယာတို့ ပါဝင်တက်ရာက် မည် ဖြစ်သည်။
ဆောင်ရွက်ရေးအဖွဲ့ (NCCT)၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ် မစ္စမာရီယာတို့ ပါဝင်တက်ရာက် မည် ဖြစ်သည်။
မြစ်ကြီးနားသို့ ရောက်ရှိလာသော KIO ကိုယ်စားလှယ် အဖွဲ့တွေကို ထောင်ချီ ဒေသခံ ကချင်ပြည်သူများက ကြိုဆိုခဲ့ကြသည်။


0 မှတ်ချက်များ for "အရေးပါတဲ့စစ်တပ် ကိုယ်စားလှယ် ငြိမ်း ချမ်းရေးဆွေးနွေးပွဲ တက်ရာက်ရန် ပျက်ကွက် "