ကြားဖြတ်အစိုးရ တင်ဖို့ ထိုင်းလွှတ်တော် ဆွေးနွေး
နိုင်ငံရေး အကျပ်အတည်းတွေ ဆက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ လက်ရှိ အစိုးရကို ဖြုတ်ချပြီး ရွေး
ကောက် တင်မြှောက်ခံ မဟုတ်တဲ့ သူတွေရဲ့ အုပ်ချုပ်မှုအဖွဲ့ကို အစားထိုး တင်မြှောက်ဖို့ အတိုက်အခံတွေ ရဲ့ တောင်းဆိုချက် အပေါ် ထိုင်းအထက် လွှတ်တော်မှာ ဆွေးနွေးနေ ကြပြီ ဖြစ်ပါတယ်။
ကောက် တင်မြှောက်ခံ မဟုတ်တဲ့ သူတွေရဲ့ အုပ်ချုပ်မှုအဖွဲ့ကို အစားထိုး တင်မြှောက်ဖို့ အတိုက်အခံတွေ ရဲ့ တောင်းဆိုချက် အပေါ် ထိုင်းအထက် လွှတ်တော်မှာ ဆွေးနွေးနေ ကြပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အပတ်က ထိုင်းအခြေခံဥပဒေ တရားရုံး ကနေ ဝန်ကြီးချုပ် ယင်လတ်နဲ့ ဝန်ကြီး ၉ ဦးကို ရာထူးက ဖယ်ရှားခဲ့ပါတယ်။
ဒါပေမယ့် ဆန္ဒပြသူတွေကတော့ အစိုးရ တစ်ဖွဲ့လုံး ဆင်းပေးဖို့ကို အလိုရှိနေကြတာ ဖြစ်ပါတယ်။
အခု အထက် လွှတ်တော်ရဲ့ ဆွေးနွေးမှုတွေ ကနေ ကြားဖြတ် အုပ်ချုပ်မှု အဖွဲ့ကို အစားမထိုးရင်တော့ ဆန္ဒပြမှုတွေ ဆက်လုပ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ဒါပမေယ့် အခုလို အစားထိုးဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
လက်ရှိအစိုးရကို ထောက်ခံသူတွေကတော့ အဲဒီလို အစားထိုးခဲ့ရင် အကြမ်းဖက် တုံ့ပြန်သွားမယ်လို့ အခိုင်အမာ ပြောကြားထားပါတယ်။___ဘီဘီစီ

0 မှတ်ချက်များ for "ကြားဖြတ်အစိုးရ တင်ဖို့ ထိုင်းလွှတ်တော် ဆွေးနွေး"