တောင်ကိုရီးယားသမ္မတ ကို နိုင်ငံရေးဖာသည်မ ဟု မြောက်ကိုရီးယား ခေါ်ဆို

တောင်ကိုရီးယားဘက်သို့  မြောက် ကိုရီးယား မောင်းသူမဲ့ လေယာဉ်များ စေ လွှတ်ထောက် လှမ်းနေသည် ဟူသော တောင် ကိုရီးယားနှင့် အမေရိကတို့ ၏ ပြော ကြားချက် ကို မြောက်ကိုရီးယားက ငြင်းဆို လိုက်ပြီး
တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးကိုလည်း
ဖာသည်မဟု ခေါ်ဝေါ် သုံးနှုန်း လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယား စစ်စခန်း များကို ထောက်လှမ်းရန် မတ်လက မောင်းသူမဲ့လေ ယာဉ် စေလွှတ် ထောက်လှမ်းခဲ့သည်ဟု အမေရိ ကနှင့် တောင်ကိုရီးယားတို့က လုပ်ကြံ ပြောကြား
ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယား စစ်တပ်ပြောခွင့် ရပုဂ္ဂိုလ် တစ်ဦးက ပြောကြား လိုက်ခြင်း ဖြစ်သည်။

ထို့ပြင် တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးကိုလည်း နိုင်ငံရေး ဖာသည်မဟု ခေါ်ဝေါ်သုံးနှုန်းခဲ့ပြီး အမေရိကန်သည် ပတ်ဂွမ်ဟေး ဖန်တီးထားသော ထိပ်တိုက်ရင်ဆိုင်ရေး အကြံအစည်ကို မျက်စိမှိတ် ထောက်ခံ နေကြောင်းကိုလည်း အမည်ဖော်ပြခြင်းမရှိသည့် မြောက်ကိုရီးယား စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ်၏ ထုတ်ပြန် ပြောကြားချက်ကို မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA သတင်းတွင် ဖော်ပြ ထားသည်။

မြောက်ကိုရီးယား ထုတ်ပြန် ကြေညာချက်သည် အလွန်ဝမ်းနည်းစရာ ကောင်းကြောင်း၊ မြောက် ကိုရီးယား သည် နိုင်ငံတစ်ခုဟုပင် မခေါ်နိုင်ကြောင်း၊ မြောက်ကိုရီးယားတွင် လူ့အခွင့်အရေးနှင့် လွတ်လပ်မှုမရှိဘဲ လူတစ်ဦး တစ်ယောက်ကိုသာ အကာအကွယ်ပေးရန် တည်ရှိနေရသော နိုင်ငံတစ်ခုဟု ဆိုနိုင်ကြောင်း
တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကင်မင်ဆုတ်က ပြော ကြားသည်။

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့သည် နည်းနာပိုင်းအရ စစ်ဖြစ်နေဆဲဟု ဆိုနိုင်ပြီး ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ အပြီးတွင် အပစ်အခတ် ရပ်စဲရေး စာချုပ်ကိုသာ လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး ငြိမ်းချမ်းရေး စာချုပ် လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်း မရှိသေးပေ။

မြောက်ကိုရီးယား၏ ယခုကဲ့သို့ တောင်ကိုရီးယားနှင့် အမေရိကကို တိုက်ခိုက်သည့် စကားလုံးများဖြင့် သုံးနှုန်းပြောဆိုခြင်းသည် နောက်ဆုံး ထွက်ပေါ်လာခြင်း ဖြစ်ပြီး ဧပြီလကလည်း အမေရိကန်သမ္မတ အိုဘားမားကို ကောက်ကျစ်စဉ်းလဲသော မျောက်မည်းဟု ခေါ်ဝေါ် သုံးနှုန်းခဲ့သည်။

မတ်လနှောင်းပိုင်းက တောင်ကိုရီးယား နယ်မြေဘက်ခြမ်း နေရာသုံးခုတွင် တွေ့ရှိရသော မောင်းသူမဲ့လေ ယာဉ် သုံးစင်းနှင့် ပတ်သက်၍ တောင်ကိုရီးယားနှင့် အမေရိကန်အစိုးရ တာဝန်ရှိသူများ ပူးတွဲ စုံစမ်း စစ်ဆေး မှုများ ပြုလုပ်ခဲ့ကြသည်။

0 မှတ်ချက်များ for "တောင်ကိုရီးယားသမ္မတ ကို နိုင်ငံရေးဖာသည်မ ဟု မြောက်ကိုရီးယား ခေါ်ဆို "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++