ဟုမ်းစ်မြို့ကနေ ဆီးရီးယားသူပုန်တွေ ဆုတ်ခွာ
နှစ်တွေနဲ့ ချီပြီး ဆီးရီးယားအစိုးရ တပ်တွေနဲ့ တိုက်ခိုက် လာခဲ့တဲ့ သူပုန်တပ်တွေနဲ့ မိသားစုတွေဟာ ဟုမ်းစ်
မြို့ဟောင်းကြီးကနေ ဆုတ်ခွာနေကြပြီ ဖြစ်ပါတယ်။
သူတို့ ထွက်ခွာ သွားပြီးနောက် မြို့နရာအနှံ့ မီးခိုး လုံးတွေ ပိတ်ဖုံးနေပြီး သူပုန်တွေဟာ သူတို့ စခန်းတွေ နဲ့ ပိုင်ဆိုင်မှုတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့ခံတွေ က ပြောပါတယ်။
အရင်တုန်းကတော့ တော်လှန်ရေး မြို့တော်ကြီး ဆိုပြီး ဟုမ်းစ်မြို့ကို တင်စား ခေါ်ဝေါ် ခဲ့ကြပါတယ်။
ကုလသမဂ္ဂ ကြားဝင် စေ့စပ်မှုနဲ့ ဆီးရီးယားအစိုးရနဲ့ သူပုန်တွေ သဘောတူညီချက်ရယူပြီး ဒီလို ဆုတ်ခွာ နိုင်ခဲ့တာ ဖြစ်ပါတယ်။
သူပုန်တွေ ဘယ်တော့မှ ဆုတ်ခွာမသွားနိုင်ဘူး ထင်ရတဲ့ မြို့က ဒီလို ထွက်ပေးရလို့ သူပုန်တပ်တွေနဲ့ မိသားစု
တွေအတွင်းမှာ အင်မတန်ထိခိုက် ကြေကွဲကြကြောင်းလည်း ဒေသတွင်းက ဘီဘီစီ သတင်းထောက် က ပြောပါတယ်။___ဘီဘီစီ

0 မှတ်ချက်များ for "ဟုမ်းစ်မြို့ကနေ ဆီးရီးယားသူပုန်တွေ ဆုတ်ခွာ"