တိုင်းရင်းသားတွေကို တာဝန်အရ ပစ်ခတ်ထိန်းသိမ်း တာဖြစ်ကြောင်း အစိုးရတပ်ဖွဲ့ ပြော
တိုင်းရင်းသားများ ကတိမတည်မှု၊ နယ်မြေ ချဲ့ထွင်မှု များကြောင့် ကချင်နှင့် ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲ များ ဖြစ်ပွားနေရခြင်းဖြစ်သည်ဟု အစိုးရ ကာကွယ်ရေး ၀န်ကြီးဌာနပြောချက်ကို မြန်မာ စစ်အစိုးရပိုင် ဒီမိုကရေစီတူဒေး မေလ (၅)ရက်နေ့ ထုတ် သတင်းစာမှာ ဖော်ပြလိုက်သည်။
တိုင်းရင်းသားတပ်ဖွဲ့တွေ ကတိမတည်မှု၊ နယ်မြေ ချဲ့ထွင်မှုလုပ်ရပ်များကို တပ်မတော်အနေဖြင့်ပစ်ခတ် ထိန်းသိမ်းရန် တာဝန်ရှိသောကြောင့် ဆောင်ရွက်
နေရခြင်းဖြစ်သည်ဟု ကာကွယ်ရေး ၀န်ကြီးဌာန အဆင့်မြင့်အရာရှိတဦးက မြန်မာစစ်အစိုးရပိုင် ဒီမိုကရေစီ တူဒေးသတင်းစာသို့ ပြောကြားသည်။
နေရခြင်းဖြစ်သည်ဟု ကာကွယ်ရေး ၀န်ကြီးဌာန အဆင့်မြင့်အရာရှိတဦးက မြန်မာစစ်အစိုးရပိုင် ဒီမိုကရေစီ တူဒေးသတင်းစာသို့ ပြောကြားသည်။
ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် အစိုးရလက်နက်ကိုင်တပ်ဖွဲ့ကြား ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွား ရခြင်းမှာ KIA သည် နယ်မြေကျူးကျော်ခြင်း၊
ဒေသခံများကို နှိပ်စက်ခြင်း၊ လူများကို အဓမ္မဖမ်းဆီးပြီး စစ်သား
လုပ်ခိုင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ နိုင်ငံ၏
သယံဇာတများကို ခိုးထုတ်ခြင်း စသည့် လုပ်ရပ်များကြောင့် ဒေသခံများက
အကာအကွယ်ပေးရန် တောင်းဆိုခဲ့သဖြင့် စစ်တပ်အနေဖြင့် ၀င်ရောက် ကိုင်တွယ်ရခြင်း ဖြစ်ကြောင်း မြန်မာစစ်အစိုးရပိုင် ဒီမိုကရေစီတူဒေး သတင်းစာက ဆိုသည်။
ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဆိုသည်မှာလည်း ဦးအိုက်မုန်းတို့ ငြိမ်းချမ်းရေးယူပြီးကတည်းက လုံးဝမရှိတော့
ကြောင်း၊ တချို့ခွဲထွက်ပြီး ကျန်ရစ်ခဲ့သည့် အနည်းစုက ဆက်ကြေးကောက်၊ ဓားပြတိုက်သည့် အဆင့်သာ ရှိတော့ကြောင်း၊ သို့သော် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT) က ညီညွှတ်
သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ထဲသို့ ဆွဲသွင်းလိုက်သဖြင့် လူသူသိလာ သည့် သောင်းကျန်းသူ အဖွဲ့အစည်းအဖြစ်သို့ ရောက်ရှိသွားကြောင်း မြန်မာစစ်အစိုးရပိုင် ဒီမိုကရေစီတူဒေး သတင်းစာက ဆက်ပြောသည်။

![]() | |||
| တပ်မတော်၏လက်နက်ကြီး ထိမှန်၍ သေဆုံးခဲ့သော ကချင်ကလေးငယ် |
တပ်မတော်က တိုက်တယ်ဆိုတာ လူမျိုးကိုတိုက်တာ မဟုတ်ဘူး။ လူမျိုးရေးအသွင်ဆောင်သွားမယ့် ဖြစ်စဉ်
ဖြစ်ရပ်မျိုး မဖြစ်အောင် နာကြည်းချက် ဖြစ်မသွား
အောင်ထိန်း ရပါတယ်။ သူတို့ဘက်ကကျတော့ ဘာမှ မထိန်း ဘူး။ ပူတာအိုဘက်မှာ ဖြစ်ခဲ့တဲ့ အရာရှိ
ခေါင်းဖြတ် အသတ်ခံရတဲ့ ဖြစ်စဉ်မျိုးကို သူတို့ဘက်က ကျတော့ ၀န်မခံတဲ့အပြင် ထမင်းရည်ပူ လျှာလွဲ လုပ် တာ အားလုံးအသိပါပဲ”ဟု ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတဦး ဆိုသူက ဆက်လက်ပြီး“ ဒီမိုကရေစီ တူဒေးသို့ ပြောကြားကြောင်း ဖေါ်ပြ ထားသည်။

KNU (ကရင်အမျိုးသားအစည်းအရုံး)နဲ့ ဘာကြောင့် မဖြစ်လဲ၊ KNU က ကတိတည်ပြီး
စည်းကမ်းနဲ့ အညီ
နေထိုင်လို့ ဖြစ်ပါတယ်” ဟု လည်း စစ်တပ် အရာရှိကြီးက ဒီမိုကရေစီ တူဒေးသို့ ဖြေကြားထားသည်။
နေထိုင်လို့ ဖြစ်ပါတယ်” ဟု လည်း စစ်တပ် အရာရှိကြီးက ဒီမိုကရေစီ တူဒေးသို့ ဖြေကြားထားသည်။
စာနယ်ဇင်းသမားများသည် KIA နှင့် တိုင်းရင်းသား အဖွဲ့အစည်းများ၏ လေထဲမှ
စကားများကို ဟုတ်သော်ရှိ မဟုတ်သော်ရှိ အမှန်ဟု ထင်မြင်နေသည့်အပြင်
တပ်မတော်အပေါ် နဂိုကတည်းကပင် အမြင်မရှင်း
သောကြောင့် တပ်မတော်အပေါ် အကောင်းမမြင်သည်မှာ သဘာဝကျကြောင်းလည်း ဒီမိုကရေစီ တူဒေး သတင်းစာမှာ ဖေါ်ပြထားသည်။
သောကြောင့် တပ်မတော်အပေါ် အကောင်းမမြင်သည်မှာ သဘာဝကျကြောင်းလည်း ဒီမိုကရေစီ တူဒေး သတင်းစာမှာ ဖေါ်ပြထားသည်။
သူတို့ဘက်က ဒီလို သဘောထားမျိုးကတော့ နှစ်ဘက်စလုံးအတွက် မကောင်းဘူး။ ကျနော်တို့ကတော့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေ အားလုံးကို ကြီးကြီးငယ်ငယ် အကုန်လုံး အတူတူ ပဲဆိုတာ လက်ခံထားတယ်။ အခုလည်း Peace Talk အဆင့်ကို သွားနိုင်ဖို့ အပစ်အခတ် ရပ်စဲရေး မူကြမ်း အဆင့်ကိုပဲ အရင်ရအောင် လုပ်နေတယ်”ဟု UNFC ၏ ပြောရေးဆိုခွင့် ရှိသူ ဦးခွန်ဥက္ကာက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဖြစ်ပွားနေသော ပဋိပက္ခများ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့်ပတ် သက်ပြီး ကာကွယ်ရေး ၀န်ကြီးဌာနမှ အဆင့်မြင့်အရာရှိတဦး၏ ပြောဆိုချက်နှင့် မြန်မာစစ်အစိုးရပိုင် ဒီမိုကရေစီတူဒေး သတင်းစာဖေါ်ပြပုံစံမှာ အစိုးရလက်နက်ကိုင်တပ်ဖွဲ့သည် တိုင်ရင်းသား လက်နက်ကိုင်
တောင်လှန်ရေး အဖွဲ့အစည်းတချို့အပေါ်တွင် သဘောထား တင်းမာမှုကို ပြသရာ ရောက်နေကြောင်း
နိုင်ငံရေး လေ့လာသူများကလည်း ပြောဆိုကြသည်။
တောင်လှန်ရေး အဖွဲ့အစည်းတချို့အပေါ်တွင် သဘောထား တင်းမာမှုကို ပြသရာ ရောက်နေကြောင်း
နိုင်ငံရေး လေ့လာသူများကလည်း ပြောဆိုကြသည်။

0 မှတ်ချက်များ for "တိုင်းရင်းသားတွေကို တာဝန်အရ ပစ်ခတ်ထိန်းသိမ်း တာဖြစ်ကြောင်း အစိုးရတပ်ဖွဲ့ ပြော"