အထူးဆန်းဆုံး ကမ္ဘာ့ အားကစား (၃) မျိုး

၁။ သေမင်းတမာန် ဆိုင်ကယ်စတန့် 

သမာရိုးကျအားကစားနည်းတွေနဲ့ မတူဘဲ တစ်မူ ထူးခြားတဲ့အားကစားနည်းတွေထဲမှာ အိန္ဒိယနိုင်ငံရဲ့  အကျော်ကြားဆုံး အားကစားနည်း တစ်ခုဖြစ်တဲ့ သေ မင်းတမာန်ဆိုင်ကယ် စတန့် လည်း အပါအ၀င် ဖြစ် ပါတယ်။

အမေရိကန်ကနေဆင်းသက်လာတဲ့ ဒီဆိုင်ကယ် စတန့် ပြနည်းဟာ ၁၉၉၀ ကျော်ခုနှစ်တွေမှာ အလွန်လူကြိုက်များခဲ့ပြီး အခုထက်ထိ အိန္ဒိယနိုင်ငံမှာ ကျင်းပပြုလုပ်နေ ဆဲပါ။

 ဒေါင်လိုက် စိုက်ထူထားတဲ့ သစ်သားနံရံတွေနဲ့ ယာယီတည်ဆောက်ထားတဲ့ အမြင့် ၂၅ပေ၊ အချင်းပေ ၃၀
ကျော်ရှိတဲ့ ဆလင်ဒါပုံ ပြိုင်ကွင်းထဲမှာ ပါဝင်ဖျော်ဖြေကျတဲ့ စတန့် သမားတွေက ဆိုင်ကယ်ကိုရေပြင်ညီ ပတ်စီးပြပြီး အသည်းယားစရာ စတန့် အမျိုးမျိုးကို ပြကြပါတယ်။

 နောက်ပိုင်းမှာ ဆိုင်ကယ်တွေသာမက ကားတွေ၊သုံးဘီးယာဉ်တွေကိုပါ အသုံးပြုပြီး ကမ္ဘာ့ ဆွဲအားကို မထီမဲ့မြင်ပြုကာသူတို့ ရဲ့ စွမ်းရည်ကို ထုတ်ဖော်ပြသကြတယ်။

ဆလင်ဒါပုံပြိုင်ကွင်းရဲ့ နံရံတွေမှာ ဆိုင်ကယ်သမားတွေက ဆိုင်ကယ်တွေကို အရှိန်နဲ့ ပတ်မောင်းပြ
နေရင်းကနေ လက်နှစ်ဖက်လွှတ်လိုက်၊ မတ်တပ်ရပ်ပြလိုက်နဲ့ စတန့် အမျိုးမျိုးပြသကြ၊ ကားနဲ့ ယှဉ်ပြိုင်သူတွေ ကလည်း ကားခေါင်းခန်းမှာ ၀က်ဝံတွေ၊ကျားတွေကိုပါထည့်ပြီး ပွဲကြည့် ပရိတ်သတ်တွေကို ရင်ခုန်စေပါတယ်။

ဆလင်ဒါပုံစံပြိုင်ကွင်းရဲ့ အပေါ်ပတ်လည်ကနေ အောက်ကို ငုံ့ ကြည့်ရှုရတာပါ။ အနိုင်ရရှိသူကို ရွေးချယ် တာကတော့ အသက်ရှင်ကျန်ရစ်ပြီး အလှပဆုံးစတန့် ပြနိုင်မှုကိုပါတဲ့။

၂။ ရွှံ့ နွံမြောင်းထဲ ရေကူးပြိုင်နည်း။ 

၁၉၇၆ ခုနှစ် ဝေးလ်နိုင်ငံကနေ စတင်ခဲ့တဲ့ ရွှံ့ နွံ
မြောင်းထဲ ရေကူးပြိုင်နည်းကလည်း အထူးဆန်းဆုံး အားကစားနည်းတွေထဲကတစ်ခုပါ။

ပါဝင်ယှဉ်ပြိုင်သူတွေဟာ အရှည်ပေ ၆၀ ရှိတဲ့
မြောင်းထဲမှာ ကူးခတ်ပြရမှာပါ။ လွယ်လွယ် ကူကူတော့ မဟုတ်ပါဘူး။ အဲဒီ့မြောင်းထဲကို ရွှံ့ နွံနုန်းတွေဖြည့်ထည့်ထား ပြီး ပါဝင်ယှဉ်ပြိုင်မယ့် တစ်ယောက် က ရေကူးဝတ်စုံ၊ ရေအောက်အသက်ရှူကိရိယာ တို့ ဝတ်ဆင်ကာ အသွားအပြန်နှစ်ခေါက် ကူးခတ်ရမှာပါ။ သမားရိုးကျ ပုံမှန်ရေကူးနည်းနဲ့ ကူးခတ်လို့ မရဘဲ ရေကူးဝတ်စုံရဲ့ နောက်ခြေယက်ကိုပဲ အသုံးပြုခွင့် ရှိပါတယ်တဲ့။

အချိန်အမြန်ဆုံးဖြတ်ကူးနိုင်တဲ့လူက အနိုင်ရရှိမှာဖြစ်ပြီး ဆုတံဆိပ်တစ်ခုလည်း ချီးမြှင့်ပါတယ်။ တစ်နှစ် တစ်ကြိမ် ကမ္ဘာ့ချန်ပီယံရွေးပွဲလုပ်ပြီး ၂၀၁၃ ရဲ့ ကမ္ဘာ့ချန်ပီယံကတော့ ဒေးဗစ် ၀ီလီယံ၊ ၁ မိနစ် နဲ့ ၃၂.၆၈ စက္ကန့် စံချိန်နဲ့ ပါ။

၃။ မိုဘိုင်းဖုန်းပစ်ပေါက်ပြိုင်ပွဲ 

မိုဘိုင်းဖုန်းဆိုတာ အခုခေတ်မှာ ဘက်စုံ သုံးလို့  ရနေပါပြီ။ 

အင်တာနက်၊ ဖုန်း၊ ဓာတ်ပုံ၊ ကင်မရာ၊ သီချင်း အမျိုးမျိုးသုံးလို့ ရသလို ပြိုင်ပွဲတစ်ခုမှာလည်း အသုံးပြုနိုင်ပြီး သင်သာ အမှန်တကယ် ကြိုးကြိုး စားစား လေ့ကျင့် ထားမယ်ဆိုရင် ကမ္ဘာ့ချန်ပီယံဆုတောင် ရရှိနိုင်ပါသေးတယ်။ 

ဟုတ်ပါတယ်၊ မိုဘိုင်းဖုန်းပစ်ပေါက်ပြိုင်ပွဲမှာပါ။ တစ်ယောက်ချင်း၊ အသင်းလိုက်၊ အလှပေါက်၊ တက်သစ်စ ဆိုပြီး လေးမျိုးခွဲခြားထားကာ ကြိုက်တဲ့ ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။ 

တစ်ဦးချင်း ဖုန်းပစ်ပေါက်ပြိုင်ပွဲမှာတော့ အဝေးဆုံးရောက်အောင် ပစ်ပေါက်နိုင်တဲ့သူက အနိုင်ရရှိမှာပါ။ 

အလှပေါက်ပြိုင်ပွဲကတော့ မိုဘိုင်းဖုန်း တစ်လုံးကို လှလှပပ အနုပညာမြောက်အောင် ပေါက်ပြရမှာဖြစ်ပြီး ဒိုင်တွေက အကဲဖြတ်အမှတ်ပေးမှာပါ။

အသင်းလိုက်ပြိုင်ပွဲကတော့ သုံးဦးဝင်ရောက်ယှဉ်ပြိုင်ရကာ တစ်ဦးချင်းစီရဲ့ အမှတ်ကိုပေါင်းပြီး အမှတ် အများဆုံး အသင်းက အနိုင်ရရှိပါတယ်။ 

တက်သစ်စ မှာတော့ ၁၂ နှစ်အောက် ကလေးများသာ ပါဝင်ပစ်ပေါက်နိုင်ပြီး အဝေးဆုံးရောက်အောင် ပစ်ပေါက်နိုင်သူက အနိုင်ရရှိမှာပါ။

ပြိုင်ပွဲအားလုံးတိုင်းမှာ တစ်ဦးကို တစ်ခါပဲ ပစ်ပေါက်ခွင့်၊ ၂၂၀ ဂရမ်ထက်လေးတဲ့ဖုန်းနဲ့သာ ယှဉ်ပြိုင်ခွင့် စတဲ့ စည်းကမ်းလေးတွေတော့ ရှိပါတယ်။ 

ဖင်လန်နိုင်ငံက စတင်ခဲ့တာဖြစ်ပြီး ဥရောပနိုင်ငံတော်တော်များများမှာ ကမ္ဘာ့ချန်ပီယံလုပွဲကို နှစ်စဉ် ကျင်းပကျပါတယ်။

0 မှတ်ချက်များ for "အထူးဆန်းဆုံး ကမ္ဘာ့ အားကစား (၃) မျိုး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++