သူပုန်ခေါင်းဆောင်နှင့် တွေ့ ဆုံဆွေးနွေးဖို့ တောင်ဆူ ဒန်သမ္မတ အီးသီယိုပီးယား- မြို့တော်ရောက်
တောင်ဆူဒန် သမ္မတဆယ်လ်ဗာကီးယားနဲ့ သူပုန်
ခေါင်းဆောင် ရီယက်မာချာတို့ဟာ ပထမဆုံး အကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ အတွက် အီးသီယိုပီးယား နိုင်ငံမြိုတော် အဒစ် အဘာဘာကိုရောက်ရှိ နေကြပါတယ်။
ခေါင်းဆောင် ရီယက်မာချာတို့ဟာ ပထမဆုံး အကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ အတွက် အီးသီယိုပီးယား နိုင်ငံမြိုတော် အဒစ် အဘာဘာကိုရောက်ရှိ နေကြပါတယ်။
ဒီတွေ့ဆုံမှုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တောင်ဆူ ဒန်နိုင်ငံ တလွှာ တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားခဲ့ပြီး
နောက် ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ပါတယ်။
ဒုတိယ သမ္မတ ဖြစ်ခဲ့တဲ့ မစ္စတာမာချာဟာ အာဏာသိမ်းဖို့ ကြံစည်တယ်ဆိုပြီး စွပ်စွဲခံရပြီးနောက် တိုက်ခိုက်မှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။
အဒစ်အာဘာဘာ မြို့ကို ဆိုက်ရောက်စဉ် သမ္မတမာချာက တောင်ဆူဒန်မှာ အမျိုးသား ပြန်လည် ရင်ကြား
စေ့ရေး ဖြစ်လာမယ်ဆိုတာကို သူအနေနဲ့ ယုံကြည်တယ်လို့ ပြောပါတယ်။
စေ့ရေး ဖြစ်လာမယ်ဆိုတာကို သူအနေနဲ့ ယုံကြည်တယ်လို့ ပြောပါတယ်။
ဒါပေမယ့် အစိုးရတပ်ဖွဲ့တွေက သူပုန်စခန်းတွေကို ဆက်လက်တိုက်ခိုက်နေမှုဟာ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲအတွက် အကျိုးရှိစေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
တောင်ဆူဒန်မှာ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ထောင်နဲ့ချီ သေဆုံးခဲ့ရပြီး ၁ သန်းကျော်ဟာလည်း အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရပါတယ်။

0 မှတ်ချက်များ for "သူပုန်ခေါင်းဆောင်နှင့် တွေ့ ဆုံဆွေးနွေးဖို့ တောင်ဆူ ဒန်သမ္မတ အီးသီယိုပီးယား- မြို့တော်ရောက်"