၅၁ ပွဲဆက် ရှုံးနိမ့်ခဲ့သော်လည်း လက်ဝှေ့သမားဘ၀ကို စွန့် ခွာမည်မဟုတ်ဘူး ဆိုတဲ့ ရော်ဘင်ဒီကင်

၂၀၀၆ ခုနှစ် ပရော်ဖက်ရှင်နယ် လက်ဝှေ့  ကစား သမားဘ၀စတင်ပြီးကတည်းက တစ်ပွဲမှ နိုင်ပွဲ မရ ရှိခဲ့တဲ့ ဗြိတိန်ရဲ့ အဆိုးရွားဆုံးလက်ဝှေ့ သမား အသက် ၂၇ နှစ်အရွယ် ရော်ဘင်ဒီကင် ဟာ ဘာပဲဖြစ်ဖြစ် လက်ဝှေ့ သမား ဘ၀ကို စွန့် ခွာမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဗြိတိန်ကြေးစားလက်ဝှေ့ လောကမှာ အဆိုးရွားဆုံး စံချိန်ကို ရရှိထားတဲ့ ရော်ဘင်ဒီကင်ဟာ မကြာသေးမီက ပိုးလ်ဒါမီယန်လောနစ်ဇက် ကို ရှုံးနိမ့်ပြီး သူ့ ရဲ့ ၅၁ ပွဲဆက်တိုက် အရှုံးစံချိန်ကို တင်နိုင်ခဲ့ပါတယ်။

အခုလို ဆိုးရွားတဲ့ ရှုံးပွဲစံချိန်ကြောင့် သူ့ ရဲ့ ကျန်းမာရေးအသက်အန္တရာယ်ထိခိုက်မှာစိုးတဲ့အတွက် ဗြိတိန် လက်ဝှေ့ လိုင်စင်ကို ရုတ်သိမ်းခဲ့ရပါတယ်။ ဒါပေမယ့်သူကတော့ “ကျွန်တော်က လူသားလက်ဝှေ့ အိတ်ကြီး ပါဗျ” လို့ ကြွားဝါထားပါတယ်။

ရော်ဘင်ဟာ ရက်သတ္တပတ် ၂၄ ပတ်အတွင်း ပွဲပေါင်း ၁၉ ပွဲထိုးသတ်ခဲ့ပြီး စနေနေ့ ညက ဂျာမန်လက်ဝှေ့  လိုင်စင်နဲ့  လောနစ်ဇက် ကို နောက်ဆုံးထိုးသတ်ခဲ့ရာမှာလည်း ရှုံးနိမ့်ခဲ့ပြန်တာပါ။

ရော်ဘင်ဟာ မွေးရာပါ ခြေတစ်ဖက်ခွင်နေမှုကြောင့် အသက် ခြောက်နှစ်အရွယ်ထိ လမ်းမလျှောက်နိုင်ခဲ့ဘဲ ခွဲစိတ်ကုသမှုပေါင်း ၆၀ ကျော်ခံယူခဲ့ရပါတယ်။ ဒါပေမယ့်လည်း ရော်ဘင်ဟာ ကြိုးဝိုင်းကို ဘယ်တော့မှ စွန့်  ခွာမှာမဟုတ်ဘူးလို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားသူပါ။

ဒီအပါတ်ကုန်မှာ ထိုးသတ်မယ့်ပွဲမှာ ဗြိတိန်လက်ဝှေ့ အသင်းက သိမ်းဆည်းထားတဲ့ သူ့ ရဲ့ လက်ဝှေ့ လိုင်စင် ကို ပြန်ရဖို့ မျှော်လင့်နေကြောင်း ပြောကြားခဲ့ပါတယ်။

“ ကျွန်တော် ဒီတစ်ပတ်ကုန်မှာ ပြန်ထိုးမှာပါ။ ကျွန်တော် စိတ်ကူးအိပ်မက်တွေထဲမှာ ဆက်နေထိုင်နိုင်ဖို့  အတွက် ဗြိတိန်လက်ဝှေ့ အသင်းဘုတ်အဖွဲ့ က ကျွန်တော့် လိုင်စင်ကို ပြန်ပေးမယ်လို့ မျှော်လင်ပါ့တယ်”

ကြေးစားဘ၀မှာ ရော်ဘင်ဒီကင်တစ်ယောက် ရုန်းကန်နေရပေမယ့် အပျော်တမ်းလက်ဝှေ့ သမားဘ၀ မှာတော့ ရော်ဘင်ဟာ အောင်မြင်ခဲ့သူပါ။ ဗြိတိန်လူငယ်ချန်ပီယံရှစ် အကြိုဗိုလ်လုပွဲအထိ တက်လှမ်းနိုင် ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို ကူးပြောင်းခဲ့ပြီးနောက် မှာတော့ လက်ဝှေ့ သမိုင်းရဲ့ အဆိုးရွားဆုံး စံချိန်မှတ်တမ်းကို တင်ခဲ့ရပါတယ်။ 

၂၀၀၆ ခုနှစ် ပထမဆုံးကြေးစားဘ၀ လက်ဝှေ့ ပွဲမှာ တစ်ပွဲ အနိုင်ရရှိပြီးကတည်းက အခုထိ နောက် ထပ် နိုင်ပွဲ မရရှိတော့တာ ဖြစ်ပါတယ်။

0 မှတ်ချက်များ for "၅၁ ပွဲဆက် ရှုံးနိမ့်ခဲ့သော်လည်း လက်ဝှေ့သမားဘ၀ကို စွန့် ခွာမည်မဟုတ်ဘူး ဆိုတဲ့ ရော်ဘင်ဒီကင်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++