စစ်တပ်ကို ဦးစားပေးတဲ့ ပုဒ်မများ ပြင်ပေးဖို့ ဆန္ဒပြ
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ပုဒ်မတော်တော်များများဟာ တပ်မတော်ကို အကာ အကွယ်ပေးထားတဲ့ ပုဒ်မတွေဖြစ်တာကြောင့် ဖွဲ့စည်းပုံ ပါ ပုဒ်မ ၃ ခုကို ပြင်ဆင်ပေးဖို့ ပဲခူးတိုင်းဒေသ ကြီး ပြည်မြို့ မှာ ရာနဲ့ချီတဲ့ ဒေသ ခံတွေ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
ဖွဲ့စည်းပုံပါ ပုဒ်မ ၁ဝဝ ကျော်လောက်ဟာ တပ်မတော်ကိုသာ ဦးစားပေးထားပြီး အများပြည် သူတွေအတွက် ပုဒ်မတွေက အသက်မဝင်သလို ဖြစ်
နေတာကြောင့် ပြင် ဆင်ပေးဖို့ ဆန္ဒပြတောင်းဆိုတာဖြစ်ကြောင်း ဒီနေ့ ဆန္ဒပြပွဲမှာပါဝင်သူ ကိုမျိုးသူထွဋ် က ပြောပါတယ်။
"ပုဒ်မ ၄ဝဝ ကျော်မှာ ၃ဝဝ ကျော်လောက်က လူတစ်စု ကောင်းစားရေးအတွက်ပဲ ရေးဆွဲထား တာ စစ်တပ် ကိုပဲ အကာအကွယ်ပေးထား တာ ပြည်သူ အတွက်ရေးဆွဲထားတာက ၁ဝဝ ကျော်လောက်ပဲရှိတယ်၊ ဒါနဲ့အဲ့ ၁ဝဝ က အသက်မဝင်ဘူး၊ မြန်မာနိုင်ငံမှာကျနော်တို့ရဲ့ အမျိုးသားရေးလှုပ်ရှားမှုတိုင်းမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍတိုင်းမှာ တပ်မတော်ကနေပြီးတော့ အစဉ်တစိုက်ဦးဆောင်မယ်ဆိုတော့ ပုဒ်မ ၆(စ)ကိုလည်း ကျနော်င်ြချင်တယ် ၄၃၆ ညကိုလည်း ကျနော်ပြင်ချင်တယ် ၅၉(ဃ)နဲ့(စ)ကိုလည်း ကျနော်ပြင်ချင်တယ်၊ အဲ့ဒါကြောင့် ဆန္ဒထုတ်ဖော်တာပါ"
ဆန္ဒပြသူတွေက သူတို့တောင်းဆိုချက်တွေကို လာမယ့်လွှတ်တော်အစည်းအဝေးတွေမှာ တင်ပြပေးဖို့
ပြည်မြို့က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ရုံးရှေ့မှာလည်း ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါ တယ်။ ___အာဖက်ဖ်အေ

0 မှတ်ချက်များ for "စစ်တပ်ကို ဦးစားပေးတဲ့ ပုဒ်မများ ပြင်ပေးဖို့ ဆန္ဒပြ"