ရုရှားရဲ့ရန်လိုတဲ့ အပြုအမူတွေကို ကာကွယ်နိုင်ဖို့ ယူကရိန်း အရှေ့ပိုင်းမှာ NATO တပ်ဖွဲ့ တိုးမြှင့်ချထား

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း နယ်စပ်ဒေသ တလျှောက် မှာ NATO အဖွဲ့ အနေနဲ့   လေကြောင်း၊ ရေကြောင်း နဲ့ မြေပြင်တပ်ဖွဲ့တွေ တိုးမြှင့် ချထားမယ်လို့ နေတိုး အတွင်းရေးမှူးချုပ် Anders Fogh Rasmussen က ပြော ပါတယ်။

ဒါပေမယ့် ဘယ်လောက် အရေအတွက် ချထားမလဲ ဆိုတာကိုတော့ အတိအကျ ထုတ်ဖော်ပြောဖို့ ငြင်း ဆန် ခဲ့ပါတယ်။

ဒီလို နေတိုး တပ်ဖွဲ့တွေ တိုးချဖို့ လုပ်တာဟာ ယူကရိန်းမှာ ရုရှားရဲ့ ရန်လိုတဲ့ အပြုအမူတွေ ရှိလာချိန်မျိုးမှာ အခြေအနေတွေ တင်းမာ မလာအောင် ကြိုတင် တားဆီးတဲ့ အနေနဲ့ လုပ်တာလို့ ဆိုပါတယ်။

နေတိုး မဟာမိတ် ၂၈ နိုင်ငံဟာ ရုရှားနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ၊ ဆွေးနွေး ပြောဆိုမှုတွေ အများစုကို ဆိုင်းငံ့ထားလိုက်ပြီ ဖြစ်ပြီး ပိုလန်နဲ့ ရိုမေးနီးယား နိုင်ငံတွေပေါ်မှာ လေကြောင်း ထောက်လှမ်းမှုတွေ လုပ်နေပါတယ်။

0 မှတ်ချက်များ for " ရုရှားရဲ့ရန်လိုတဲ့ အပြုအမူတွေကို ကာကွယ်နိုင်ဖို့ ယူကရိန်း အရှေ့ပိုင်းမှာ NATO တပ်ဖွဲ့ တိုးမြှင့်ချထား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++