တောင်ကိုရီးယား သင်္ဘောမှောက် ခရီးသည် ၄ ဦးသေ ၃၀၀ နီးပါး ပျောက်ဆုံးနေ
တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း ကမ်းခြေမှာ ဗုဒ္ဓဟူးနေ့က
ခရီးသည်တင်သင်္ဘော မှောက်သွား တဲ့အတွက် အနည်းဆုံး လူ ၄ သေဆုံးပြီး ၃၀၀ နီးပါး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ခရီးသည် စုစုပေါင်း ၄၅၉ ဦးမှာ ကျောင်းသားလူငယ် အများစုပါဝင်ပြီး အဲဒီသင်္ဘောဟာ Jeju အပန်းဖြေ စခန်းကို ဦးတည်သွားနေစဉ် ရာသီဥတု
သာယာနေ တဲ့အချိန် တိမ်းမှောက်သွားတာ ဖြစ်ပါတယ်။
အခုချိန်ထိတော့ လူပေါင်း ၁၆၀
လောက်ကို ကယ် တင်နိုင်ခဲ့ပြီး သူတို့ကို အနီးနားမှာ ရှိတဲ့ Jindo ကျွန်းပေါ်ကို
ခေါ်ဆောင်သွား တယ်လို့ သက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။
အများစုဟာ တပိုင်းတစ မြုပ်နေတဲ့ သင်္ဘောအောက်က ၁၂ Degree Celsius အောက် အေးတဲ့ ရေထဲမှာ ပိတ်မိနေကြတာ ဖြစ်နိုင်တယ်လို့ ဆိုပြီး Navy Seal အထူးတပ်ဖွဲ့တွေ ရှာဖွေနေကြပြီဖြစ်ပေမဲ့
ပိတ်မိနေ သူတွေ အသက်ရှင်ဖို့ သိပ်မလွယ်ဘူးလို့ အရာရှိတွေက ပြောပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ရဟတ်ယာဉ် ၁၈ စင်းနဲ့အတူ မီးသတ်အဖွဲ့၊
ကမ်းခြေစောင့်တပ်၊
ရေတပ်၊ ရဲတပ်ဖွဲ့တွေကို ပို့ထားတဲ့အကြောင်း၊
ကမ်းခြေစောင့်တပ်ဖွဲ့က ရေယာဉ် ၃၄ စင်းနဲ့ ရေတပ်က သင်္ဘော ၂၅ စင်းကိုလည်း
စေလွှတ်ထားပြီး ကြီးမားတဲ့ ကယ်ဆယ်ရေးလုပ်ငန်းကို လုပ်ဆောင်နေပြီလို့
တောင်ကိုရီးယား
လုံခြုံရေးနဲ့ ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီး Lee Gyeong-og က ပြောပါတယ်။
အမေရိကန် ရေတပ်သင်္ဘောနဲ့ ကုန်းနဲ့ရေ ၂ ခုစလုံး အသုံးပြုလို့ရတဲ့
ယာဉ်တွေကလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကူညီ ပါဝင်နေတယ်လို့ ဆိုပါတယ်။


0 မှတ်ချက်များ for "တောင်ကိုရီးယား သင်္ဘောမှောက် ခရီးသည် ၄ ဦးသေ ၃၀၀ နီးပါး ပျောက်ဆုံးနေ"