ကျုးကျော်ရန်စမှုတွေ ကာကွယ်ဖို့ ကိုယ့်မှာ အခွင့်အရေးရှိဟု UWSA ပြော
ဧပြီလ
၁၀ ရက်နေ့ကနေစလို့ ကချင်ပြည်နယ်တွင်း မြန်မာစစ်အာဏာရှင် အစိုးရက
တပ်အင်အား အလုံး အရင်းတွေနဲ့ အတူ လက်နက်ကြီးတွေနဲ့ KIA ကို
ထိုးစစ်တိုက်ခိုက် လာနေတာကြောင့် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။
ထောင်နဲ့ချီ ဒေသခံ ကချင်ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင် နေရ ကြပါတယ်။
မြန်မာစစ်အာဏာရှင် အစိုးရတပ်တွေဟာ မန်စီမြို့နယ်၊ ဗန်းမော်မြို့နယ်နဲ့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်တွေမှာ စစ်အင်အား တို့ချဲ့ ချထားမှု ဆက်လုပ်နေ ပါတယ်။
ဒေသခံ KIA ကချင်တော်လှန်ရေးတပ်ဖွဲ့ကတော့ လက်နက် ခဲယမ်းတွေ တင်ဆောင်လာတဲ့ မြန်မာ စစ် အာဏာရှင်အစိုးရ တပ်ရဲ့ ယာဉ်တန်းတွေကို တားဆီးဟန့်တားနိုင်ဖို့အတွက် ကြားဖြတ်တိုက်ခိုက်မှု လုပ်နေ ပါတယ်။
အခုလို ဖြစ်နေတာနဲ့ပတ်သက်ပြီး "တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်လို မဖြစ်ခင်မှာ တပ်မတော် ဘက်က မြေပြင်အနေအထားပေါ့လေ ရနိုင်သလောက် ယူချင်တယ်။ ရနိုင်သလောက် တိုးချဲ့ထားချင်တယ်။ ရနိုင်သလောက် ထိန်းချုပ်ထားချင်တယ်။ အဲ့ဒီသဘောမျိုးလုပ်တယ်" UNFC ပြောရေးဆိုခွင့် ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ်ပြောကြားပါတယ်။
"တိုက်ပွဲ ဒီလိုပြင်းထန်တယ်ဆိုရင်တော့ အခုသွားနေ တဲ့ တွေ့ဆုံဆွေးနွေးရေးပေါ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးပေါ့ အဲ့ဒီမှာလည်းပဲ သွားပြီးတော့ ထိခိုက်မှု ရှိနိုင်ပါတယ်။ အဲ့ဒီထိခိုက်မှု ဘယ်လောက် အတိုင်း အတာရှိမလဲဆိုတာတော့ ကျနော်တို့ မကြာခင်မှာ အစည်းအဝေး ထိုင်ကြ မယ်လေ။ ကျနော်တို့ ညီညွတ်
သော လူမျိုးများဖက်ဒရယ်ကောင်စီ UNFC ကလည်းထိုင်မယ်။ ညှိနှိုင်းရေးလုပ်နေတဲ့ NCCT အနေနဲ့လည်း ထိုင်မယ်။ ထိုင်ပြီးတော့ ပြန်သုံးသပ်မယ့်သဘော ရှိတာပေါ့။ မြေပြင် တိုက်ပွဲတွေကို ဘယ်လိုလျှော့နိုင်မလဲ။ ဘယ်လို ရပ်ဆိုင်းနိုင်မလဲပေါ့။” ဆက်ပြောပါတယ်။
UNFC အဖွဲ့ဝင် မဟုတ်တဲ့ UWSA ၀ တပ်ဖွဲ့ ကတော့ ကိုယ့်ပြည်နယ်ထဲ ကျူးကျော် ရန်စမှုတွေ ရှိလာမယ် ဆိုရင် ကာကွယ်ဖို့ ကိုယ့်မှာ အခွင့်အရေးရှိကြောင်း အခုလို ပြောပါတယ်။
"နံပတ် (၁)က ငြိမ်းချမ်းရေး အလံကို ကျနော်တို့ ကိုင်ထားရတယ်။ နံပါတ် (၂) က မိမိ ၀ ပြည်နယ်ကို ကာကွယ်ဖို့ ကျနော်တို့ ၀ တပ်မတော်ရှိတယ်။ ကျနော်တို့ က သူတို့ (မြန်မာ စစ်အစိုးရတပ်)ကို အရင်သွား မတိုက်ဘူး။ သူတို့က ကျနော်တို့ကို အရင်လာတိုက်မယ်၊ လာစော်ကားမယ်ယ်ဆိုရင် ကာကွယ်ဖို့ ကိုယ့်မှာ အခွင့်အရေး ရှိပြီးသားပါ။ ကိုယ့်ပြည်နယ်ကို ကျူးကျော် ၀င်ရောက် ရန်စ လုပ်လာတဲ့သူမှန်သမျှ ခုခံ ကာကွယ် သွားမယ်၊ ရွံ့ရွံ့ ချွန်ချွန်တိုက်ထုတ် ကာကွယ်သွားမယ်" UWSA အရာရှိတစ်ယောက်က ပြောပါတယ်။
ဒေသခံ KIA ကချင်တော်လှန်ရေးတပ်ဖွဲ့ကတေ

0 မှတ်ချက်များ for "ကျုးကျော်ရန်စမှုတွေ ကာကွယ်ဖို့ ကိုယ့်မှာ အခွင့်အရေးရှိဟု UWSA ပြော"