ထိုင်းဘုန်းကြီးကို ဓားပြတိုက် သတ်ဖြတ် တဲ့ မြန်မာ၂ ဦး ထိုင်းရဲဖမ်းဆီးမိ

ထိုင်းဘုန်းတော်ကြီး ဓားပြတိုက် သတ်ဖြတ်ခဲ့တဲ့
မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးမိခဲ့ပြီး တရားခံ တစ်ဦးက ထွက်ပြေး လွတ်မြောက်နေကြာင်း မနေ့ က ထုတ်ဝေတဲ့ ဗန်ကောက်ပို့စ် သတင်းစာမှ သိရ ပါတယ်။ 

ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်၊ ဝပ်ဆမ်ငန်း ဘုန်းကြီး
ကျောင်းက ဖုရားခရု ဝီဆပ် သီရာယံ (Phra Khru Wisut Thirayan) အမည်ရှိတဲ့ ဆရာတော် တစ်ပါး သတ်ဖြတ်ခံရမှုအတွက် မြန်မာနိုင်ငံသား ၂ ဦးကို ပြီးခဲ့တဲ့ စနေနေ့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး တရားခံတစ်ဦး အခုအချိန်ထိ ထွက်ပြေး လွတ်မြောက်နေတယ်လို့ သတင်းစာက ဆိုပါတယ်။

ထွက်ပြေးလွတ်မြောက်နေသူက ဆိုင်မွန်ဆိုသူဖြစ်ပြီး ဖမ်းမိလိုက်သူတွေက အောင်ခင်ယုနဲ့ အောင်ခိုင် ဆိုသူတို့ ဖြစ်ကြောင်း၊ အဲဒီမြန်မာတွေကို လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ဘုန်းကြီးကျောင်းမှာ တည်းခို ခွင့်ပြုထားခဲ့တာဖြစ်ကြောင်း၊ လူသတ်ပြီးထွက်ပြေးသွားတဲ့ အဆိုပါမြန်မာ ၂ ဦးကို ရန်စစ်ဈေး (Rangsit Market) ကားမှတ်တိုင်မှာ ဖမ်းဆီးခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံက မိသားစုတွေကို ငွေပြန်ပို့ဖို့ လိုအပ်နေတဲ့ အတွက် ဓားပြတိုက်ခဲ့ရာမှာ ဘုန်းတော်ကြီးက ပြန်လည် ခုခံတဲ့အတွက် ဓါးနဲ့ထိုးခဲ့မိတယ်လို့ အောင်ခိုင်ယု က ရဲစခန်းမှာ ဖြောင့်ချက်ပေးခဲ့ကြောင်း စသဖြင့် ထိုင်း သတင်းစာမှာ ဖေါ်ပြထားပါတယ်။

0 မှတ်ချက်များ for "ထိုင်းဘုန်းကြီးကို ဓားပြတိုက် သတ်ဖြတ် တဲ့ မြန်မာ၂ ဦး ထိုင်းရဲဖမ်းဆီးမိ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++