ယူကရိန်းနယ်စပ်အနီးမှာ အမိန့်ကိုစောင့်ဆိုင်းနေတဲ့ ရုရှားတပ် ဓါတ်ပုံ NATO ထုတ်ပြန်
ရုရှားတပ်သား လေးသောင်းလောက်ဟာ ယူကရိန်း နယ်စပ်နားမှာ ရှိနေပြီး သူတို့ဟာ သံချပ်ကာ ကားတွေ၊ လေယာဉ်တွေ၊ တခြားစစ်လက်နက် ပစ္စည်းတွေနဲ့ ရုရှားအစိုးရရဲ့ အမိန့်ကိုစောင့်ဆိုင်းနေ တဲ့ပုံ နေတိုး မဟာမိတ်တပ်ဖွဲ့ရဲ့ ကောင်းကင်ဂြိုဟ်တု ဓါတ်ပုံတွေမှာ ဖေါ်ပြနေကြောင်း နေတိုးတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
ရုရှားတပ်တွေ အခုလို ချထားတာဟာ ယူကရိန်းကို ကျုးကျော်ဖို့ မဟုတ်ဖူးလို့ ရုရှားက ထပ်တလဲလဲ အာမ ခံနေချိန်မှာပဲ နေတိုးမဟာမိတ်တပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ဒီသတင်းဓါတ်ပုံကိုထုတ်ပြန်လိုက်တာပါ။
ရုရှားတပ်တွေ အခုလို ချထားတာဟာ ယူကရိန်းကို ကျုးကျော်ဖို့ မဟုတ်ဖူးလို့ ရုရှားက ထပ်တလဲလဲ အာမ ခံနေချိန်မှာပဲ နေတိုးမဟာမိတ်တပ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ဒီသတင်းဓါတ်ပုံကိုထုတ်ပြန်လိုက်တာပါ။
ဒီသီတင်းပါတ် အစောပိုင်းမှာ ရုရှားလိုလားတဲ့ ဆန္ဒပြသူတွေက ယူကရိန်းအရှေ့ပိုင်းဒေသမှာ အစိုးရ အဆောက်အဦးတွေကို ဝင်ရောက်စီးနင်း ပြီး ရုရှားနဲ့ ပူးပေါင်းရေးအတွက် မဲခွဲ ဆုံးဖြတ်ဖို့ တောင်းဆို မှုတွေ ဖြစ်ပွါးခဲ့တာမို့ ယူကရိန်း အစိုးရက ပြဿ နာပြေလည်အောင် ကြိုးစားနေချိန်မှာပဲ အခုလို ကောင်း ကင်ဂြိုဟ်တု ဓါတ်ပုံတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရုရှားနဲ့ ပူးပေါင်းဖို့ အရှေ့ပိုင်းမှာ အဓိကမြို့ဖြစ်တဲ့ Donetsk မြို့ခံအများစုက မလိုလားကြောင်း ဗုဒ္ဓဟူးနေ့ထုတ်ပြန်တဲ့ စစ်တမ်းမှာရော တခြားစစ်တမ်း ကောက်ယူချက် အများအပြားမှာပါ ဖေါ်ပြကြပါတယ်။
ဒီစစ်တမ်းကို မတ်လ ၂၆ ရက်ကနေ ၂၉ ရက် အတွင်း Donetsk တက္ကသိုလ်က ကောက်ယူခဲ့တာဖြစ်ပြီး အစိုးရ အဆောက်အဦး သိမ်းပိုက်မှုအတွက် ဒေသခံ ၂၇ % ကပဲ ထောက်ခံထားတာာဖြစ်ပြီး ယူကရိန်းကနေ ခွဲထွက်ချင်သူက ၄ % လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။___အေပီ

0 မှတ်ချက်များ for "ယူကရိန်းနယ်စပ်အနီးမှာ အမိန့်ကိုစောင့်ဆိုင်းနေတဲ့ ရုရှားတပ် ဓါတ်ပုံ NATO ထုတ်ပြန်"