အိန္ဒိယပါလီမန်ရွေးကောက်ပွဲ နယ်တော်တော် များများမှာလဲ မဲတွေပေးနေ

အိန္ဒိယနိုင်ငံ ပါလီမန်ရွေးကောက်ပွဲ အတွက် ပြည် သူတွေ ဒီကနေ့ မဲပေးနေကြပါတယ်။ 

New Delhi  မြို့တော်၊ Ha ra ya na (Haryana) ပြည် နယ်၊ Uttar Pradesh ပြည်နယ်တချို့နေရာတွေအပြင်
နိုင်ငံရဲ့အရှေ့နဲ့ တောင်ပိုင်း ဒေသပြည် နယ်တော်တော် များများမှာလဲ မဲတွေ ပေးနေ ကြပါတယ်။ 
 
အောက်လွှတ်တော် အမတ်နေရာ ၅၄၃ နေရာ အတွက် နိုင်ငံတဝန်းမှာ ရွေးကောက်ပွဲတွေ ကို မေလ ၁၂ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး မေလ ၁၆ ရက်နေ့ရောက်မှ ရလာဒ်တွေကို ကြေညာနိုင်မှာဖြစ်ပါတယ်။

လက်ရှိအာဏာရ Congress ပါတီနဲ့ အဓိက အတိုက်အခံ BJP ပါတီတို့ကြား အားပြိုင်ပွဲအဖြစ် အများက မြင်နေ ကြပါတယ်။

Hundu အမျိုးသားရေးဝါဒီ BJP ပါတီက တံ့နေတဲ့ နိုင်ငံရဲ့ စီးပွားရေးကို ပြန်လည်တိုးတက် လာအောင်လုပ်ပေး မယ်ဆိုတဲ့ ရွေးကောက်ပွဲကတိတွေပေးပြီး ဆယ်စုနှစ်နဲ့ချီအာဏာရထားတဲ့ Congress ပါတီကို အနိုင်ရဖို့ ကြိုးစားနေပါတယ်။
ရာထူးကနေဆင်းပေးရတော့မဲ့ ဝန်ကြီးချုပ် Manmohan Singh ကတော့ BJP ပါတီက Narendra Modi သာ ဝန်ကြီးချုပ် သစ်ဖြစ်လာခဲ့ရင် ဒုက္ခရောက်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ 

ခုလိုရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာပဲ နိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ် မှာတော့ မော်ဝါဒီ သူပုန်တွေရဲ့ လက်ချက်လို့ ယူဆရတဲ့ ဗုံးတလုံးပေါက်ကွဲ မှုကြောင့် အိန္ဒိယ စစ်သား ၂ ယောက်သေဆုံးပြီး ၃ ယောက်ထက် မနည်း ဒဏ်ရာရသွားပါတယ်။
Munger ခရိုင်မှာ မဲရုံတခုဆီသွားဖို့ စစ်သားတွေကို တင်ဆောင်လာတဲ့ ဂျစ်ကားတစင်း မြေမြှုပ်မိုင်းနင်း မိခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်၊

0 မှတ်ချက်များ for "အိန္ဒိယပါလီမန်ရွေးကောက်ပွဲ နယ်တော်တော် များများမှာလဲ မဲတွေပေးနေ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++