မန်ယူက လက်ပစ်ဘော အသင်းလို ခံစစ်အားပြုခဲ့ပါတယ် # ရော်ဘင်

ဘိုင်ယန်မြူးနစ် တောင်ပံ ကစားသမား ရော်ဘင်က မန်ယူမှာ လက်ပစ်ဘော အသင်းတစ်သင်း ကဲ့သို့ ခံစစ်ပိတ်ဆို့ ကစားခဲ့ကြောင်း ဝေဖန်ခဲ့သည်။

အိုးထရက်ဖို့ဒ်၌ ယှဉ်ပြိုင်ခဲ့သည့် မန်ယူနှင့် ဘိုင်ယန်မြူးနစ်တို့ပွဲတွင် ဗီဒစ်၏ ခေါင်းတိုက် ဂိုးကြောင့် မန်ယူ ဦးဆောင်ဂိုး စရခဲ့သော်လည်း ရှဝိန်းစတိုင်ဂါက ပွဲချိန်(၆၇)မိနစ်တွင် အပြင်း ကန်ချက်ဖြင့် ပြန်လည်ချေပခဲ့ကာ (၁-၁)ဂိုး ရလဒ် ထွက်ပေါ်ခဲ့သည်။ ဘိုင်ယန်မှာ အဆိုပါပွဲစဉ်တွင်
ဘောလုံး ပိုင်ဆိုင်မှု အသာစီးဖြင့် ကစားနိုင်ခဲ့သော်လည်း ဂိုးသွင်းခွင့်များစွာ ဖန်တီးနိုင်ခဲ့ခြင်းမရှိပေ။

ရော်ဘင်က “ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်အသင်းက နေရာလွတ် သိပ်မရှိတော့ ကစားရတာ မလွယ်ပါဘူး။ သူတို့က တန်ပြန်တိုက်စစ်ကို အဓိကထားပြီး ခံစစ်အားပြု ကစားပုံကလည်း လက်ပစ်ဘော အသင်းလို ပါပဲ”ဟု ပြောခဲ့ခြင်းဖြစ်သည်။

ဘိုင်ယန်နှင့် မန်ယူတို့ ဒုတိယအကျော့ ပွဲစဉ်ကို ဧပြီ ၁၀ရက်နေ့တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။

0 မှတ်ချက်များ for "မန်ယူက လက်ပစ်ဘော အသင်းလို ခံစစ်အားပြုခဲ့ပါတယ် # ရော်ဘင် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++