မော်ဂန်ချန်ဂရိုင်းကို MDC ခေါင်းဆောင် အဖြစ်ကနေ ဆိုင်းငံ့
ဇင်ဘာဘွေနိုင်ငံက အတိုက်အခံအင်အားစု ဖြစ်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လှုပ်ရှားမှုအဖွဲ့ MDC ဟာ သူတို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မော်ဂန်ချန် ဂရိုင်းကို ဒီမိုကရေစီနည်းကျတဲ့ မူဝါဒတွေကနေ သွေ ဖီလာပြီး ခေါင်းဆောင်မှုပေးရာမှာ အလွန်မအောင် မမြင် ဖြစ်ခဲ့တဲ့အတွက်လို့ ဆိုကာ ခေါင်းဆောင်နေ ရာကနေ ဆိုင်းငံ့လိုက်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
မစ္စတာချန်ဂရိုင်းဟာ MDC ပါတီကို သူ့ရဲ့ ပုဂ္ဂလိက ထိမ်းချုပ်မှုအောက်ကအဖွဲ့အစည်း အသွင်ဆောင်စေခဲ့ပြီး လက်ရှိသမ္မတ Robert Mugabe ရဲ့အုပ်စိုးမှု အောက် ကနေ ဇင်ဘာဘွေနိုင်ငံ တကယ်လွတ်မြောက်ဖို့ ရာ နည်းလမ်းကို မဖော်ဆောင်ပေးနိုင်ခဲ့ဘူးဆိုပြီး အဲဒီ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။
ညီညွတ်သော ဇင်ဘာဘွေအစိုးရအဖြစ် သမ္မတ Mugabe ရဲ့ အစိုးရအဖွဲ့ထဲ မစ္စတာချန်ဂရိုင်းဟာဝန်ကြီးချုပ် အဖြစ် ဆောင်ရွက်ခဲ့ပြီးတဲ့နောက် မနှစ်ကကျင်းပခဲ့တဲ့သမ္မတရွေးကောက်ပွဲမှာ သမ္မတ Mugabe နဲ့ ယှဉ်ပိုင် အရွေးခံခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။
ဒီလို မစ္စတာချန်ဂရိုင်းကို ခေါင်းဆောင်နေရာက ဆိုင်းငံ့လိုက်မှုဟာ MDC ပါတီအတွင်းကွဲပြားမှုတွေဖြစ်ပေါ် လာစေနိုင်ပြီး သမ္မတ Mugabe ပဲ အာဏာဆက်လက်ဆုပ်ကိုင်နိုင်ဖို့ အားကောင်းလာလိမ့်မယ်ဆိုပြီး ဇင်ဘာဘွေမှာရှိတဲ့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။
MDC ပါတီကို တည်ထောင်ခဲ့သူတွေထဲက တစ်ယောက်ဖြစ်ပြီး သမ္မတ Mugabe နဲ့ ပူးပေါင်း ဖွဲ့စည်းခဲ့တဲ့ အစိုးရအတွင်းမှာ ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့ဖူးတဲ့ DAVID COLTART က မစ္စတာချန်ဂရိုင်းကို ခေါင်း
ဆောင်နေရာက ရပ်ဆိုင်းလိုက်တာဟာ ဇင်ဘာဘွေရဲ့ ဒီမိုကရေစီအရေးအတွက် မကောင်းဘူး လို့ ပြောခဲ့ ပါတယ်။___ဘီဘီစီ

0 မှတ်ချက်များ for "မော်ဂန်ချန်ဂရိုင်းကို MDC ခေါင်းဆောင် အဖြစ်ကနေ ဆိုင်းငံ့"