မဲအရေအတွက် ၅၀ % မရကြ၍ အာဖဂန်သမ္မတ ရွေးကောက်ပွဲ ဆက်လက်ကျင်းပရန်ရှိ

အာဖဂန်နစ္စတန် ရွေးကောက်ပွဲကနေ ထွက်ပေါ် လာခဲ့တဲ့ ရလာဒ်တွေအရ သမ္မတလောင်း ဘယ်သူမှ မဲအရေအတွက်ရဲ့ ၅၀ ရာခိုင်နှုန်းကို မရခဲ့တဲ့အတွက်
ရွေးကောက်ပွဲ ဒုတိယအဆင့်ကို ဂျွန်လဆန်းလောက် မှာ ကျင်းပနိုင်ဖွယ်ရာရှိတယ်ဆိုပြီး  အာဖဂန်ရွေး
ကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်ရှိသူတွေက ပြော လိုက်ပါတယ်။

လွန်ခဲ့တဲ့ ၃ ပတ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအရေအတွက် အသာနဲ့  ဦးဆောင်နေခဲ့တဲ့ ယခင် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Abdullah Abdullah ဟာ မဲအားလုံး ရဲ့ ၄၄.၉ ရာခိုင်နှုန်းပဲ ရရှိခဲ့ပါတယ်။

အနီးကပ်ဆုံး ပြိုင်ဘက် ယခင် ဘဏ္ဍရေးဝန်ကြီးဟောင်း Ashraf Ghani က မဲတွေရဲ့ ၃၁.၅ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

မေလလယ်ကတည်းက ရွေးကောက်ပွဲရလာဒ်ကို ထုတ်ပြန်ပေးရမှာ ဖြစ်ပေမယ့် အခုလို နှောင့်နှေးခဲ့ရတဲ့ အပေါ် မဲမသမာမှုတွေရှိနေတယ် ဆိုတဲ့ စွပ်ဆွဲမှုတွေ တိုးမြင့်လာစေပါတယ်။

0 မှတ်ချက်များ for "မဲအရေအတွက် ၅၀ % မရကြ၍ အာဖဂန်သမ္မတ ရွေးကောက်ပွဲ ဆက်လက်ကျင်းပရန်ရှိ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++