ဖုန်းခေါ်မှုပမာဏ အကန့်အသတ်မရှိ သုံးစွဲနိုင်တော့မည် တယ်လီနော်မြန်မာ ဆို
မြန်မာပြည် မိုဘိုင်းလ်ဆက်သွယ်ရေး ကွန်ရက် အချက်အလက် ထိန်းချုပ် စီမံခန့် ခွဲမှုစင်တာ (Core Network Data Center) များသည် ဖုန်းခေါ်ဆိုမှု အရေအတွက် အကန့်အသတ်မရှိ သုံးစွဲနိုင်တော့ မည်ဟု ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်းများ စတင်လုပ်ကိုင်ဆောင်ရွက်နေတဲ့ တယ်လီနော်
မြန်မာထံမှ သိရသည်။
မြန်မာထံမှ သိရသည်။
မိုဘိုင်းလ် ဆက်သွယ်ရေးကွန်ရက်အချက်အလက် ထိန်းချုပ် စီမံခန့်ခွဲမှုစင်တာကို ရန်ကုန်မြို့နှင့် မန္တလေးမြို့မှာ တည်ဆောက်ထားပြီး ရန်ကုန်ရှိ Data Center သည် ဧပြီလ လဆန်းပိုင်းက လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီး မန္တလေးရှိ Data Center ကိုတော့ မေလ လဆန်းမှာ စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းနှင့် Data Center တစ်ခုကို Users ၁၀ သန်းကျော် သုံးလို့ ရကြောင်း တယ်လီနော်မြန်မာ ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာပြည်မှာ မိုဘိုင်းလ်ဖုန်းအသုံးပြုသူ လက်ရှိ ၆ သန်းကျော်သာရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ချက်မှသိရပြီး မိုဘိုင်းလ်ဆက်သွယ်ရေးစနစ်ကို အသုံးပြုရ ခက်ခဲနေသလို တယ်လီဖုန်းခေါ် ဆိုမှုမှာလည်း အဆင်ပြေချောမွေ့မှု မရှိကြောင်း မိုဘိုင်းလ်ဖုန်း အသုံးပြုသူတွေက ပြောသည်။
MPT က စက်တွေကိုက စုတ်နေတာ ဖြစ်မယ်ထင်တယ်လေး။ Data Center တစ်ခုကို Users ၁၀ သန်းကျော် သုံးလို့ရတဲ့ center နှစ်ခု တည်ဆောက်မယ်ဆိုတော့ မြန်မာပြည်မှာ မိုဘိုင်းလ်ဖုန်းအသုံးပြုသူ ၆ သန်းကျော်ဘဲ ရှိတာ။ တာဝါတိုင်တွေကို ချိတ်ဆက်ခိုင်းပြီး လူတွေကို သုံးခွင့်ပေးရင်တောင် အဆင်ပြေပြေ ချောချောမွေ့မွေ့ သုံးနိုင်တော့မယ်ဆိုတဲ့ သဘောပဲ။ ဟု ကွန်ပျူတာပညာရှင် ဦးဖြိုးဝေဦးက ဆိုသည်။

မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှ မိုဘိုင်းလ်ဖုန်းသုံးစွဲသူများ၏ မိုဘိုင်းလ် ခေါ်ဆိုမှုများနှင့် မိုဘိုင်းလ် အင်တာနက်အသုံးပြုမှုတွေအတွက်ရည်ရွယ်တဲ့ ရန်ကုန်ရှိ Data Center ထိန်းချုပ် စီမံခန့်ခွဲမှုကို Huawei ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး မြန်မာနိုင်ငံအထက်ပိုင်းအတွက် ရည်ရွယ်တဲ့ မန္တလေးရှိ Data Center ထိန်းချုပ်စီမံခန့်ခွဲမှုဆောင်ရွက်ကိုတော့ Ericson ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း တယ်လီနော်မြန်မာထံမှ သိရှိရသည်။
တယ်လီနောမြန်မာ မိုဘိုင်းလ် ဆက်သွယ်ရေးကွန်ရက်ကို တည်ဆောက်သွားမည့် အဆိုပါ Data Center နှစ် ခုကို မြန်မာတစ်နိုင်ငံလုံးရှိ တယ်လီနော်၏ ဆက်သွယ်ရေး တာဝါတိုင်များနှင့်ချိတ်ဆက်ပြီး ဆက်သွယ်ရေး ကွန်ရက်မှတစ်ဆင့် 2G၊ 3G နှင့် 4G စနစ် မိုဘိုင်းလ် ဝန်ဆောင်မှုများကို တယ်လီနော်မြန်မာကနေ ပေးအပ် သွားမည် ဖြစ်သည်။

0 မှတ်ချက်များ for "ဖုန်းခေါ်မှုပမာဏ အကန့်အသတ်မရှိ သုံးစွဲနိုင်တော့မည် တယ်လီနော်မြန်မာ ဆို "