ယူကရိန်းနိုင်ငံအရေး ရုရှားကိုအရေးယူဖို့ အင်အားကြီး ၇ နိုင်ငံ G-7 သဘောတူ
ယူကရိန်းနိုင်ငံအရေး ရုရှားကို အရေးယူဒဏ်ခတ်မှု
တွေ မြန်မြန်လုပ်သွားဖို့ G-7 ကမ္ဘာ့ စီးပွားရေး အင်အားကြီး ၇ နိုင်ငံ ဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊
ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန်နိုင်ငံတို့ က သော ကြာနေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
တွေ မြန်မြန်လုပ်သွားဖို့ G-7 ကမ္ဘာ့ စီးပွားရေး အင်အားကြီး ၇ နိုင်ငံ ဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊
ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန်နိုင်ငံတို့ က သော ကြာနေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အရေးယူမှုကို တနင်္လာနေ့မှာ စတင်မယ်လို့ အမေရိကန် တာဝန်ရှိသူတဦးက ပြောပါတယ်။
သမ္မတအိုဘားမားကလည်း ၎င်းရဲ့ အာရှခရီးစဉ်မှာ "ရုရှားရဲ့ဆောင်ရွက်မှုတွေကို တားဆီးနိုင်ဖို့၊ ယူကရိန်း ကို ထောက်ခံမှု ပြသဖို့နဲ့ ပြဿနာကို သံတမန်ရေး နည်းနဲ့ ဖြေရှင်းကြဖို့အတွက် ဥရောပတွေရော အမေရိကန် ကပါ အရေးယူဒဏ်ခတ်မှုတွေ တိုးမြှင့်ဖို့ ကိစ္စအပေါ် သဘောထားတသမတ်တည်းရှိတယ်"လို့ ဆိုပါတယ်။
Austria နိုင်ငံအခြေစိုက် ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE က လေ့လာသူ ၁၂ ဦးကို ရုရှားလိုသားသူ ခွဲထွက်ရေးသမားတွေက Slovyansk မြို့နားမှာ သောကြာနေ့က ဖမ်းဆီးခဲ့ပြီး ၎င်းတို့ လွတ်မြောက်လာရေးအတွက် လိုအပ်တဲ့ ဆောင်ရွက်ချက်တွေ အားလုံးလုပ်ပါမယ်လို့ OSCE ဆိုင်ရာ ရုရှားသံတမန်က ဒီကနေ့ စနေနေ့မှာ ကတိပေး ပြောကြားပါတယ်။
ယူကရိန်းလေကြောင်းပိုင်နက်ထဲကို ရုရှားစစ်လေယာဉ်တွေက ညလုံးပေါက် ၇ ခေါက် ဝင်ရောက် ပျံသန်းခဲ့၍
လေကြောင်းပိုင်နက်စည်းကို ဖေါက်ဖျက်ခဲ့တာဖြစ်တယ်လို့ အီတလီနိုင်ငံမှာ ရောက်နေတဲ့ ဝန်ကြီးချုပ် Arseniy Yatsenyuk က ပြောပါတယ်။
လေကြောင်းပိုင်နက်စည်းကို ဖေါက်ဖျက်ခဲ့တာဖြစ်တယ်လို့ အီတလီနိုင်ငံမှာ ရောက်နေတဲ့ ဝန်ကြီးချုပ် Arseniy Yatsenyuk က ပြောပါတယ်။
ကမ္ဘာကြီးရဲ့ လုံခြုံရေးကို လျှော့တွက်တဲ့ ရုရှားရဲ့ ရန်လိုတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သတင်းထောက်တွေကို ဒီကနေ့ ပြောခဲ့ပါတယ်။
ယူကရိန်းနိုင်ငံငြိမ်းချမ်းရေးအတွက်
ဖြစ်နိုင်သမျှ အားလုံးကို လုပ်ပေးမယ်လို့ ဝန်ကြီးချုပ် Yatsenyuk သူနဲ့
တွေ့ဆုံစဉ်မှာ ပုပ်ရဟန်းမင်းကြီး Francis ပြောတယ်လို့ သိရပါတယ်။

0 မှတ်ချက်များ for "ယူကရိန်းနိုင်ငံအရေး ရုရှားကိုအရေးယူဖို့ အင်အားကြီး ၇ နိုင်ငံ G-7 သဘောတူ "