သဘောတူချက် ချိုးဖောက် တဲ့သူ သေဒဏ်ပေးမယ်လို့ ယူကရိန်းအရေး Geneva ဆွေးနွေးပွဲမှာ သဘောတူ
ယူကရိန်းနိုင်ငံအရေး ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ဥရောပ သမဂ္ဂနှင့် အမေရိကန်၊ ယူကရိန်း၊ ရုရှား နိုင်ငံခြားရေး ၀န်ကြီးတို့ ဆွေးနွေးပွဲမှာ တရားမဝင်လက်နက်ကိုင် စစ်အုပ်စုတွေအားလုံး
ဖျက်သိမ်းပြီး လက်နက်တွေ
ဖြုတ်ကြဖို့နဲ့ သိမ်းပိုက်ထားတဲ့ အစိုးရ အဆောက် အအုံတွေထဲကနေ ထွက်ခွာကြဖို့ ဆိုတဲ့ သဘောတူ ချက် ရရှိကြပါတယ်။
သဘောတူညီချက်အတိုင်း လိုက်နာဆောင်ရွက်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ရမှာ ဖြစ်ပြီး လိုက်နာ
ဆောင်ရွက်မလုပ်သူသူတွေကိုတော့ သေဒဏ်ချမှတ်ခံရမယ်လို့ ပူးတွဲ ကြေညာချက်ထဲမှာ ဖေါ်ပြထား ပါတယ်။
အခု သဘောတူခဲ့တဲ့ အချက်တွေကို အကောင်အထည် ဖေါ်ရေးမှာ OSCE ဥရောပ လုံခြုံရေးအဖွဲ့က ကူညီ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး အဲန်ဒရီး ဒက်ရှ်ချက်ဆီယာက ယူကရိန်းအစိုးရအနေနဲ့ ပဋိပက္ခတွေ ဖြစ်ပွား ခဲ့ရတဲ့အကြောင်းရင်းတွေ အပါအဝင် အခြေခံကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ရုရှားနဲ့ သဘောကွဲလွဲခဲ့ပေမယ့် ဒီ သဘောတူချက်ကိုတော့ မားမားမတ်မတ် ထောက်ခံကြောင်း ပြောသွားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဒီဆွေးနွေးညှိနှိုင်းမှုဟာ အောင်မြင်တဲ့ ဆောင်ရွက်ချက် တခုအဖြစ် ပြောဆိုလိုက်ပါတယ်။
သမ္မတအိုဘားမားက ရုရှားတို့ဘက်က လိုက်လျောမယ်လို့ ပြောထားတာတွေကို ဆက်လုပ်မလုပ်ဆိုတာနဲ့ ပတ်သက်လို့ သံသယ ဖြစ်မိကြောင်း ထုတ်ဖေါ်ပြောသွားပါတယ်။
ရုရှားအစိုးရဘက်က ဒီသဘောတူချက်ကို ဖေါက်ဖျက်ခဲ့မယ်ဆိုရင် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ထပ် လုပ်နိုင်ရေးအတွက် အစီအစဉ်တခုကို ဥရောပနိုင်ငံခေါင်းဆောင်တွေနဲ့အတူ သူရေးဆွဲမယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
အခုလို နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ဖို့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့ ရုရှားတို့ဘက်က ဘာတုန့်ပြန် ပြောဆိုမှုမျိုးမှ မရှိသေးပါဘူး။

0 မှတ်ချက်များ for "သဘောတူချက် ချိုးဖောက် တဲ့သူ သေဒဏ်ပေးမယ်လို့ ယူကရိန်းအရေး Geneva ဆွေးနွေးပွဲမှာ သဘောတူ "