အဋ္ဌမတန်းပြီးဆုံး မြန်မာကျောင်းသားများ စင်ကာပူပညာသင်ဆု - လျှောက်ထားနိုင်
စင်ကာပူ ဂျီစီအီးအေအဆင့်ရှိ လေးနှစ်ကြာမြင့်မည့် အာဆီယံပညာသင်ဆု အစီအစဉ်ကို မြန်မာကျောင်း သားများ မေလကုန်တွင်နောက်ဆုံး လျှောက်ထားနိုင်
ကြောင်း စင်ကာပူပညာရေးဝန်ကြီးဌာနက ကြေညာ ထားသည်။
စင်ကာပူနိုင်ငံရှိ အလယ်တန်းကျောင်းနှင့် တက္ကသိုလ်အကြိုတန်းတို့တွင် ပညာသင်ယူရန် ၁၉၉၈ မှ ၂၀၀၀ ပြည့်နှစ်အတွင်း မွေးဖွား၍ အဋ္ဌမတန်း ပြီးဆုံးထားသော မြန်မာကျောင်းသား များ လျှောက်ထားနိုင် မည်ဖြစ်သည်။
မြန်မာကျောင်းသားများအတွက် စင်ကာပူပညာသင်ဆု အစီအစဉ်ကို မြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီးဌာနက ကြီးကြပ်ဆောင်ရွက်မည်ဖြစ်ပြီး ရေးဖြေနှင့် လူတွေ့စစ်ဆေးခြင်းကို ရန်ကုန်မြို့ တွင် ပြုလုပ်မည်ဖြစ်ကြောင်း စင်ကာပူပညာဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
စင်ကာပူပညာသင်ဆု လျှောက်ထားလိုသော မြန်မာကျောင်းသားများအနေဖြင့် အင်္ဂလိပ်ဘာသာစကား စွမ်းရည် ကောင်းမွန်၍ ကျောင်းစာမေးပွဲများကို ထူးချွန်စွာအောင်မြင်ထားရန် အရည်အချင်းသတ်မှတ်ထား သည်။
ပညာသင်ဆု အစီအစဉ်အ တွက် ရေးဖြေစာမေးပွဲကို ဇွန်လ နှင့် လူတွေ့စစ်ဆေးခြင်းကို စက်တင်ဘာတွင်
ပြုလုပ်မည်ဖြစ်ပြီး ရွေးချယ်ခံရသူများကို အောက်တိုဘာတွင် ထုတ်ပြန်၍ နိုဝင်ဘာတွင် စင်ကာပူနိုင်ငံ သို့ သွားရောက်ရမည် ဖြစ်သည်။
မြန်မာကျောင်းသားများအ တွက် အာဆီယံပညာသင်ဆုအစီ အစဉ်ကို www.moe.gov.sg တွင် ၀င်ရောက်
လေ့လာကြည့်ရှုနိုင်သလို ဗဟန်းမြို့နယ်ရှိ စင်ကာပူသံရုံးသို့ ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်မည် ဖြစ် သည်။

0 မှတ်ချက်များ for "အဋ္ဌမတန်းပြီးဆုံး မြန်မာကျောင်းသားများ စင်ကာပူပညာသင်ဆု - လျှောက်ထားနိုင်"