ယူကရိန်းနဲ့ အပေးအယူလုပ်ဖို့ Geneva ဆွေးနွေးပွဲဟာ အရေးကြီးဟု ရုရှားသမ္မတ ပူတင်ပြော

ယူကရိန်းအရေး နိုင်ငံတကာ Geneva ဆွေးနွေးပွဲကို Switzerland နိုင်ငံ Geneva မြို့ မှာ ယူကရိန်း၊ ရုရှား အမေရိကန်နဲ့ EU နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင် စတင် ဆွေးနွေးနေပါတယ်။

ယူကရိန်းမှာဖြစ်နေတဲ့ တင်းမာမှုတွေ ပြေလျော့ သွားစေဖို့ ရုရှားက ဘယ်လောက်အလေးအနက် ရှိသလဲဆိုတာကို ဒီဆွေးနွေးပွဲကနေ သိအောင် လုပ်မယ်လို့ အမေရိကန်က ပြောပါတယ်။ 

ယူကရိန်းနိုင်ငံ တည်ငြိမ်ရေး ပျက်ပြားအောင်နဲ့ ယူကရိန်းအချုပ်အခြာအာဏာထိပါးအောင် ရုရှားက လုပ်သမျှ
ခြေလှမ်းတိုင်းအတွက် အကျိုးဆက်တွေကို ခံစားရမှာဖြစ်ကြောင်းနှင့် ရုရှားနိုင်ငံက စစ်ပွဲဖြစ်အောင် လုပ်နေတာ မဟုတ်ဘူးဆိုတာကိုတော့ သူလက်ခံကြောင်းကို  CBS ရုပ်သံနဲ့ ဗုဒ္ဓဟူးနေ့တုန်းက
မေးမြန်းခန်းမှာ သမ္မတ Barack Obama က ပြောကြားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံထဲမှာ ရုရှားစစ်တပ်တွေရှိနေတယ်လို့ ထင်နေကြတာ အဓိပ္ပါယ်မရှိကြောင်း၊ ယူကရိန်းနိုင်ငံထဲကနေ ခွဲထွက်ဖို့ လုပ်နေကြတာအားလုံးက ဒေသခံတွေရဲ့လုပ်ဆောင်မှုသာဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ပြောပါတယ်။

ယူကရိန်းနိုင်ငံနဲ့ အပေးအယူ လုပ်နိုင်ဖို့ Geneva ဆွေးနွေးပွဲဟာ အင်မတန်အရေးကြီးကြောင်းလည်း ဆိုပါတယ်။ 

ယူကရိန်းနိုင်ငံ Mariupol မြို့က အခြေစိုက်စခန်းတခုမှာတော့ ရုရှားလိုလားတဲ့ ခွဲထွက်သူတွေနဲ့ တပ်ဖွဲ့ဝင်
တွေကြား ဒီကနေ့ အပြန်အလှန်ပြစ်ခတ်မှုမှာ ရုရှားလိုလားသူ ၃ ယောက် ထက်မနည်း သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရသွားတယ်လို့ ယူကရိန်းပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

0 မှတ်ချက်များ for "ယူကရိန်းနဲ့ အပေးအယူလုပ်ဖို့ Geneva ဆွေးနွေးပွဲဟာ အရေးကြီးဟု ရုရှားသမ္မတ ပူတင်ပြော"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++