ယူကရိန်းအရေး Geneva သဘောတူမှု ပျက်သွားမည့် အခြေအနေရောက်
ယူကရိန်း အကြပ်အတည်း ပြေလျော့စေဖို့အတွက်၊ ကြာသပတေးနေ့ က ဂျနီဗာ တွေ့ဆုံပွဲကနေ၊ နိုင်ငံတကာ သဘောတူမှု ရထားခဲ့ပေမယ့်
နောက်တစ်နေ့မှာပဲ၊ သဘောတူညီမှု ပျက်စီးသွားနိုင်တဲ့ အခြေအနေ
တွေ ဖြစ်ပေါ် လာနေပါတယ်။
ရုရှားလိုလားသူတွေ သိမ်းပိုက်ထားတဲ့၊ ယူကရိန်းအရှေ့ပိုင်း အစိုးရ အဆောက်အဦတွေကနေ ထွက်ခွာပေးဖို့ ငြင်းဆိုလိုက်ကြ ပြီး၊ လက်ရှိ ယူကရိန်းအစိုးရက အရင်နှုတ်ထွက်ပေးရမယ်လို့ တောင်းဆို လိုက်ပါတယ်။
လက်ရှိ ယူကရိန်းယာယီအစိုးရအနေနဲ့၊ ယူကရိန်းနိုင်ငံအတွင်း စည်းလုံးမှု ရှိကြဖို့ နှိုးဆော်ထားပြီး၊ ဗဟိုအစိုးရရဲ့အာဏာ လျော့ချပေးမယ်လို့ ကတိပြုထားတဲ့အပြင်၊ ရုရှားဘာသာစကားကို အထူးအဆင့် အတန်းသတ်မှတ် ပေးမယ်ဆိုပြီးတော့လည်း ပြောထားပါတယ်။
ရုရှားဘာသာစကားကို တရားဝင် ရုံးသုံးစကားအဖြစ် အသိအမှတ် ပြုနိုင်တဲ့ အခွင့်အာဏာ သက်ဆိုင်ရာ
ဒေသခံအာဏာပိုင်တွေကို ပေးမယ်ဆိုပြီး ယူကရိန်းယာယီသမ္မတ အိုလက်ဇန္ဒြာ တူချီနော့ဗ် က ပြော ခဲ့ပါတယ်။
ယူကရိန်းနိုင်ငံသားတွေအကြား စည်းလုံးမှုရစေဖို့နဲ့၊ ငြိမ်းချမ်းရေးကို မျှော်ကိုးတဲ့အနေနဲ့၊ နိုင်ငံတော် ယူကရိန်းဘာသာစကားအပြင်၊ ဒေသခံအများစု ပြောဆိုသုံးစွဲတဲ့ ဘာသာစကားအလိုက်၊ ရုရှားဘာသာ စကား ဖြစ်စေ၊ အခြားဘာသာစကား တစ်မျိုးမျိုးကို ဖြစ်စေ၊ တရားဝင် ရုံးသုံးစာအနေနဲ့ ပြဋ္ဌဌာန်းပေးနိုင်တဲ့ အခွင့်အာဏာကို ခရိုင်နဲ့ မြို့တော် ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့တွေထံ ပေးအပ်မယ်ဆိုပြီး၊ မစ္စတာတူချီနော့ဗ် က ပြောခဲ့တာ ဖြစ်ပါတယ်။

0 မှတ်ချက်များ for "ယူကရိန်းအရေး Geneva သဘောတူမှု ပျက်သွားမည့် အခြေအနေရောက်"