အချိန်ကုန် သက်သာစေရန် - နိုင်ငံကူး လက်မှတ် -လျှောက်ထားမှု စနစ်ပြောင်း

ယခင်ထက် ပိုမိုအချိန်ကုန် သက်သာစေရန် ရည်ရွယ်ပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားမှု စနစ်ပုံစံကို ဧပြီလ ၂၂ ရက်နေ့မှ စတင်ပြောင်းလဲ ကျင့်သုံးနေကြောင်း မြန်မာနိုင်ငံ ကူးလက်မှတ် ထုတ်ပေးရေးရုံးမှ သိရသည်။

“အချိန်ကုန် ပိုမိုသက်သာစေဖို့ ရည်ရွယ်ပြီး အခုက တစ်ဆင့်ချင်းစီ ပြုလုပ်ရတဲ့ ပုံစံမျိုး ပြောင်းထားပါ တယ်။ အရင်က ဘဏ်မှာ ဘောက်ချာတွေ၊ စာရွက်တွေ မဖြည့်ရတော့သလို လျှောက်လွာ ကိုလည်း အရင်စာမျက်နှာ ငါးမျက်နှာလောက် ဖြည့် ရမယ့်အစား အခု တစ်မျက်နှာ ပဲ ဖြည့်ရတော့မှာပါ” ဟု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နိုင်ငံကူးလက်မှတ်ရုံးမှာ အမှတ်စဉ်ပါ လျှောက်လွှာကို ဝယ်ယူ ဖြည့်ရမည် ဖြစ်ပြီး အလှည့်ကျ ခေါ်ယူမှု ကို စောင့်ဆိုင်းရပါတယ်၊ အလှည့်ကျပါက လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန
ကောင်တာမှာ သန်းခေါင်စာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားကို စိစစ်ပါတယ်၊ ဘားကုတ် ပါရှိသော စလစ်ထုတ်ယူတာတို့ စလစ်ဖြင့် ဘဏ်တွင် ငွေသွင်းတာတို့ကို တစ်နေရာတည်းမှာ အပြီးဆောင်ရွက်
ပြီးတော့ ဓာတ်ပုံရိုက်ခြင်းနှင့် နိုင်ငံကူးလက်မှတ်လျှောက်ထားတဲ့ အစီအစဉ် ပြီးဆုံးတယ်လို့ ဆက်ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေးဦးစီးဌာန ကောင်တာတွင် စစ်ဆေးသည့် သန်းခေါင် စာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားတို့ကို စိစစ်ရာတွင်သာ အနည်းငယ် အချိန်ကြာမြင့်မည် ဖြစ်ပြီး စနစ်သစ်ဖြစ်၍ အသစ် လျှောက်ထားသူများ၊ သက်တမ်းတိုးသူများ အနေနှင့် အနည်းငယ် အခက်အခဲ ရှိသေးသဖြင့် ယခင်ကထက် ကြာမြင့်သည်ဟု ထင်နေခြင်း ဖြစ်ကြောင်းကြောင်း  မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် စာအုပ်ဖိုး နှစ်သောင်းကျပ်၊ ဆေး၊ မင်နှင့် ပြုပြင်ထိန်းသိမ်းခ တစ်ထောင် ကျပ်၊ လျှောက်လွှာကြေး ၂၀၀ ကျပ်၊ ဓာတ်ပုံကြေး ၂၀၀၀ ကျပ်၊ ပစ္စည်း ဝန်ဆောင်ခတို့ ၁၈၀၀ ကျပ် စုစုပေါင်း ကျပ် ၂၅,၀၀၀ ကုန်ကျမည် ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

0 မှတ်ချက်များ for "အချိန်ကုန် သက်သာစေရန် - နိုင်ငံကူး လက်မှတ် -လျှောက်ထားမှု စနစ်ပြောင်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++