နျူကလီးယားစမ်းသပ်မှု ထပ်မလုပ်ဖို့ - မြောက်ကိုရီးယားကို အမေရိကန်နှင့် -တောင်ကိုးရီယား သတိပေး
မြောက်ကိုရီးယားအနေနဲ့ နျူ ကလီးယား စမ်းသပ်မှု ထပ်လုပ်လာရင် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ကြုံရ လိမ့်မယ်လို့ အမေရိကန်နှင့် -တောင်ကိုးရီယား သတိပေး ပြောကြားလိုက်ပါတယ်။
နျူကလီးယား စမ်းသပ်မှုနောက်တခု မကြာခင်
မြောက်ကိုရီးယား ထပ်လုပ်မဲ့ အခြေအနေရှိနေလို့ သမ္မတ Obama အာရှခရီးစဉ် တောင်ကိုးရီးယား
ရောက်နေစဉ် သမ္မတ Park Jeun Hyne နဲ့ တွေ့ ဆုံပြီး မနေ့က ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ Obama က အခုလို ပြောကြားလိုက် ပါတယ်။
နျူကလီးယားလက်နက် တာဝေးပစ် ဒုံးကြည်တွေ ဖျက်သိမ်းရေး နိုင်ငံတကာ သဘောတူထားတဲ့အတိုင်း
မြောက်ကိုရီးယားအနေနဲ့ လိုက်နာဖို့လိုပါတယ်။ အားလုံးဝိုင်းတားနေတဲ့ကြားက လိုက်နာဆောင်ရွက်မှု မရှိဘဲ ရန်စတွေ ထပ်လုပ်လာရင်တော့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ လက်တွဲပြီး တုံ့ပြန်ရလိမ့်မယ်။
ဒါ့အပြင် သမ္မတ Obama က တောင်ကိုရီးယား အပေါ်ထားတဲ့ အမေရိကန်ရဲ့ သစ္စာတရားကို ဘယ်တော့မှ ဖျက်မှာ မဟုတ်ဘူးလို့ ဆက်ပြောပါတယ်။
တောင်ကိုးရီးယား သမ္မတ Park Jeun Hyne ကလည်း မြေက်ကိုရီးယားရဲ့ ရန်စမှုတွေကို သည်းခံမှာ မဟုတ်တော့ဘူးလို့ ပြောပါတယ်။


0 မှတ်ချက်များ for " နျူကလီးယားစမ်းသပ်မှု ထပ်မလုပ်ဖို့ - မြောက်ကိုရီးယားကို အမေရိကန်နှင့် -တောင်ကိုးရီယား သတိပေး"