ပြစ်ဒဏ်ချမှမှု ဖီဖာရွှေ့ဆိုင်းပေးတာကြောင့် ဘာစီလိုနာ ကစားသမားသစ် ခေါ်ယူနိုင်တော့မည်

ဘာစီလိုနာကို အပြောင်းအရွှေ့ လုပ်ဆောင်ခွင့် (၁၄)လ ပိတ်ပင်ထားသည့် ပြစ်ဒဏ်ကို ဖီဖာမှ ရွှေ့ ဆိုင်းပေးခဲ့တာကြောင့် လာမည့်နွေရာသီ အပြောင်း အရွှေ့ကာလတွင် ဘာစီလိုနာကစား သမားသစ်တွေ ကို ခေါ်ယူနိုင်တော့ မည်ဖြစ်သည်။

အသက်(၁၈)နှစ်အောက် ကစားသမားများ ခေါ်ယူ ရာတွင် စည်းမျဉ်းချိုးဖောက်ခဲ့သည်ဟုဆိုပြီး ဖီဖာက ဘာစီလိုနာကို  ကစားသမားဆရာင်းဝယ်ခွင့် (၁၄)လ ပိတ်ပင်တဲ့ ပစ်ဒဏ်ကို ချမှတ်လိုက်သည်။

ဖီဖာရဲ့ ဆုံးဖြတ်ချက် အပြီးသတ်မချမီကာလအတွင်း အဆိုပါပေစ်ဒဏ် သက်ရောက်မှုမရှိစေရန် ဘာစီလိုနာ က အယူခံဝင် တောင်းဆိုခဲ့သည်။ 

ကစားသမား မှတ်ပုံတင်ရမည့် အစောဆုံးကာလဖြစ်သည့် ဇူလိုင် (၁)ရက်နေ့အထိ ဖီဖာရဲ့ ဆုံးဖြတ်ချက် အပြီးသတ် ချနိုင်မည်မဟုတ်သောကြောင့် လာမည့်အပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာကို ကစားသမား ခေါ်ယူခွင့် ပေးလိုက်သည်။

0 မှတ်ချက်များ for "ပြစ်ဒဏ်ချမှမှု ဖီဖာရွှေ့ဆိုင်းပေးတာကြောင့် ဘာစီလိုနာ ကစားသမားသစ် ခေါ်ယူနိုင်တော့မည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++