အာဖဂန်နစ္စတန်မှာ အမေရိကန် ခရစ်ယာန်ဆရာဝန် ၃ဦး ပစ်သတ်ခံရ

အာဖဂန်နစ္စတန် နိုင်ငံမှာ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ယောက်က ကဘူးမြို့ ဆေးရုံတစ်ရုံမှာ အလုပ်လုပ်နေတဲ့ အမေရိကန် ဆရာဝန် ၃ ယောက်ကို ပစ်သတ်ခံရပါတယ်။

အဲဒီဆေးရုံကို CURE လို့ ခေါ်တဲ့ အမေရိကန် ခရစ်ယာန် အသင်းတစ်သင်းက ထောက်ပံ့ ဖွင့်လှစ် ထား တာဖြစ်ပြီး ကလေးနဲ့ မိခင်တွေကို ကုသပေး တဲ့ ဆေးရုံ ဖြစ်ပါတယ်။

အဲဒီလို ပစ်ခတ်ခဲ့မှုကြောင့် နောက်ထပ် လူ ၂ ယောက်လည်း ဒဏ်ရာရသွားပါတယ်။ အာဖဂန်မှာ အခုလို ခရစ်ယာန်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ ဒီအကြိမ်ဟာ အခုနှစ်အတွင်း ဒုတိယအကြိမ် ဖြစ် ပါတယ်။။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ခရစ်ယာန် ပရဟိတ အသင်းတစ်ခုက ထောက်ပံ့ထားတဲ့ စိုက်ပျိုးရေး ဆိုင်ရာအဖွဲ့တစ်ခုက နိုင်ငံခြားသားတွေ တည်းခိုရာ အိမ်တခုကို တာလီဘန်တွေက တိုက်ခိုက် ခဲ့ပါသေးတယ်။

0 မှတ်ချက်များ for "အာဖဂန်နစ္စတန်မှာ အမေရိကန် ခရစ်ယာန်ဆရာဝန် ၃ဦး ပစ်သတ်ခံရ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++