လစ်ဗာပူးလ်တိုက်စစ်မှူး လူဝီစ်ဆွာရက်ဇ်ကို အကောင်းဆုံး အင်္ဂလန်ဘောလုံးသမားဆု ချီးမြှင့်

လစ်ဗာပူးလ် ဘောလုံးအသင်းရဲ့ တိုက်စစ်မှူး လူဝီစ် ဆွာရက်ဇ်ကို အင်္ဂ္လန်နိုင်ငံရဲ့ Professional Footballers' Association က အခုနှစ်အတွက် အကောင်းဆုံး
ဘောလုံးသမားဆု ချီးမြှင့်လိုက်ပါတယ်။

ဘောလုံးပွဲစဉ် တခုအတွင်း ပြိုင်ဘက် ဘောလုံး သမားတဦးရဲ့ လက်မောင်းကို ဆွာရက်ဇ်က ကိုက်ခဲ့ တဲ့ ဖြစ်ရပ် ဖြစ်အပြီး တနှစ်အကြာမှာ အခုဒီဆု ချီးမြှင့်ခံခဲ့ရတာပါ။

လွန်ခဲ့တဲ့ ဘောလုံး ရာသီနှစ်ခု လောက်ကလည်း မန်ချက်စတာ ယူနိုက်တစ် ဘောလုံးသမားတဦးကို အသားအရောင် ခွဲခြားတဲ့ စော်ကားပြောဆိုခဲ့မှုတခုကြောင့် ဆွာရက်ဇ် ဒဏ်ကြေး တပ်ခံခဲ့ရပါတယ်။

အခုဘောလုံး ရာသီမှာတော့ ဆွာရက်ဇ်ဟာ နှစ်ပေါင်း ၂၄နှစ်အတွင်း လစ်ဗာပူးလ် ဘောလုံးအသင်း ပထမဆုံး လိဂ် ချန်ပီယံဆု ဆွတ်ခူးနိုင်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ကစားရင်း သူ့ ရဲ့ ၃၀မြောက် ဂိုးကို သွင်းသွားခဲ့ပါတယ်။

သူဟာ တောင်အမေရိက ဘောလုံးသမားတွေထဲမှာ ဒီဆုကို ပထမဆုံး ချီးမြုင့်ခံရသူလည်း ဖြစ်ပါတယ်။

0 မှတ်ချက်များ for "လစ်ဗာပူးလ်တိုက်စစ်မှူး လူဝီစ်ဆွာရက်ဇ်ကို အကောင်းဆုံး အင်္ဂလန်ဘောလုံးသမားဆု ချီးမြှင့်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++