ရှမ်းပြည်နယ်အရှေ့ ဘက်မှာ အစိုးရတပ်နှင့် RCSS/SSA တိုက်ပွဲဖြစ်

တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန်အတိုက် ကြိုးပမ်းဆောင်ရွက်နေစဉ် မတ်လတ် (၂၃)ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ် မတော်တောင်ပိုင်းနှင့် အစိုးရတပ်မတော်ကြား ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ကျနော်တို့အဖွဲ့က ၉ ယောက်ဘဲ ရှိတယ်။ ဘုန်းကြီးကျောင်းဆောက်ဖို့အတွက် ရွာသွားတွေက ကျနော် တို့ကို အကူအညီတောင်းလာတယ်။ အကူအညီပေးရန် ရွာသားတွေနဲ့ သွားဆွေးနွေးဖို့ ရွာအရောက်မှာ မိုင်းတုံ အခြေစိုက် ခလရ ၂၇၇ အင်းအား ၃၂ ယောက်က အရင်လာပစ်တော့ အပြန် အလှန်တိုက်ပွဲ နာရီဝက်ကြာ ဖြစ်သွားပါတယ်။ ထိခိုက်မှုတွေကိုတော့ ဘာမှမရှိပါဘူး။ သို့သော် ငြိမ်းရေး အတွက် ယုံကြည့်မှုတည်ဖို့ ခက်ခဲစေတာပေါ့” မိုင်းဆတ်မှာ ရှိတဲ့  SSA ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး လွန့်ဆန်က ပြောကြားသည်။

တိုက်ပွဲက မိုင်းတုံမြို့နယ် ဖာချယ် ကျေးရွာအုပ်စုမှာဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ 

အပစ်အခတ် ရပ်စဲရေးလဲ လုပ်ထားတယ်။ တိုက်ပွဲတွေလဲ ဆက်ဖြစ်နေတယ်ဆိုတော့ သူတို့ ပြောနေကြတဲ့ ငြိမ်းချမ်းကို ကျနော်တို့က နားမလည်းဘူး။ ငြိမ်းချမ်းရေး ပြောနေ တာက ပြည် သူတွေကို လိမ်ညာတယ်လို့ ဘဲ မြင်တယ်ဟု ဒေသခံရွာသားတဦးက ပြောသည်။
 
ဖေဖော်ဝါရီ ၂၃ ရက်နေ့က မုံးထမြို့နယ် လွယ်ပန်တုန်းမှာ SSA နှင့် အစိုးရ နယ်ခြားစောင့်တပ် ၁၀၀၇ တို့ တိုက်ပွဲဖြစ်ခဲ့ပြီး နယ်ခြားစောင့်တပ် တပ်သားတစ်ဦး မိုင်းထိဒဏ်ရာ ရရှိခဲ့သည်။

RCSS/SSA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ၂ ရက်နေ့က ပြည်နယ်အဆင့်၊ ၂၀၁၃ ခုနှစ် မေလ ၁၉ ရက်နေ့ က ပြည်ထောင်စု အဆင့်ဟူ၍ လက်မှတ်ရေးထိုးထားခဲ့သည့်အဖွဲ့  တခုဖြစ်ပြီး တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးဖို့ အစိုးရနှင့် သီးခြား စာချုပ် ချုပ်ဆိုမယ်လို့ ပြောထားတဲ့ အဖွဲ့တခုလည်းဖြစ်သည်။

0 မှတ်ချက်များ for "ရှမ်းပြည်နယ်အရှေ့ ဘက်မှာ အစိုးရတပ်နှင့် RCSS/SSA တိုက်ပွဲဖြစ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++