ဗင်နီဇွဲလားအတွက်ဗီဇာ ထုတ်ပေးဖို့ အမေရိကန် ဆိုင်းငံ့

နှစ်နိုင်ငံသံတမန်ရေး တင်းမာနေစဉ် ဝန်ထမ်း မလုံလောက်သော အကြောင်းပြ ချက်နဲ့ ဗင်နီဇွဲလားနိုင်ငံအတွက် ဗီဇာအသစ်ထုတ်ပေးဖို့ ဆိုင်းငံ့ထားကြောင်း ဗင်နီဇွဲလားနိုင်ငံရှိ အမေရိကန် သံရုံးက ထုတ်ပြန်ကြေညာလိုက်ပါသည်။

ဗင်နီဇွဲလားနိုင်ငံရှိ အမေရိကန်သံရုံး ဝန်ထမ်းများ နှင် ထုတ်ခဲ့မှုနှင့် ဝန်ထမ်းသစ်များ ချထားရေးအတွက် ခွင့်ပြုချက်ပေးခြင်းများ နှောင့်နှေးနေ မှုကြောင့် ပထမဆုံးအကြိမ် ဧည့်ဗီဇာလျှောက်ထားမှုများကို စိစစ်ရန် ဝန်ထမ်းမလုံလောက်ဟု သံရုံး၏ ကြေညာချက်တွင် ဖော်ပြသည်။ 

အခြားဗီဇာအမျိုးအစားများနှင့် သက်တမ်းတိုးခြင်းများကိုမူ ဆက်လက်လုပ်ဆောင်ပေးသွားမည်ဟု သံရုံးက
ပြောကြားသည်။ 

ဆယ်နှစ်အတွင်း လူအသေအပျောက်အများဆုံး မငြိမ်မသက်မှုဖြစ်စေခဲ့သော ဗင်နီဇွဲလားအစိုးရ ဆန့်ကျင် ကန့်ကွက် ဆန္ဒပြမှုများတွင် ပါဝင်ဆင်နွှဲရန် ကျောင်းသားများကို စည်းရုံးခဲ့သည်ဟူသော စွပ်စွဲချက်များဖြင့် သမ္မတမာဒူရိုအစိုးရအစိုးရက အမေရိကန်သံရုံး အရာရှိ သုံးဦးအား ဖေဖော်ဝါရီလအတွင်း နှင်ထုတ်ခဲ့သည်။ 

ဗင်နီဇွဲလားအစိုးရ စွပ်စွဲချက်အပေါ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းစွဲချက်များကို ငြင်းဆို လိုက်သည်။

0 မှတ်ချက်များ for "ဗင်နီဇွဲလားအတွက်ဗီဇာ ထုတ်ပေးဖို့ အမေရိကန် ဆိုင်းငံ့"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++