အိန္ဒိယသမုဒ္ဒရာထဲ MH370 ‬ပျက်ကျသည်ဟု မလေးရှား အစိုးရ ပြောကြားချက်အပေါ် တရုတ်မိသားစုတွေ - ဒေါသထွက်ကန့်ကွက်

၂ ပတ်ကျော် ပျောက်ဆုံးနေတဲ့ လေယာဉ် ‪#‎MH370‬ ဟာ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ပျက်ကျသွားခဲ့ပြီလို့ တနင်္လာနေ့ည သတင်းစာရှင်းလင်းပွဲမှာ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ်က အတည်ပြု ပြောကြား ခဲ့တဲ့အပေါ် ခိုင်မာတဲ့အချက်အလက် တစုံတရာမပြပဲ လက်မခံနိုင်တဲ့ တရုတ်မိသားစုတွေက ဒေါသ တကြီး တုံ့ပြန်ကြပါတယ်။

နိုင်ငံပေါင်းစုံက များပြားတဲ့လူအင်အား အရင်းအမြစ်တွေကို မလေးရှားအစိုးရရဲ့ ရှာဖွေရေးထဲမှာ အချိန် ကုန်စေခဲ့ပြီး ခရီးသည်
တွေရဲ့ အသက်ကို ကယ်ဆယ်နိုင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။  တရုတ်ခရီးသည် ၁၅၄ ဦးရဲ့ အသက်တွေကို ဆုံးရှုံးစေခဲ့တဲ့ မလေးရှားလေကြောင်းလိုင်း၊ မလေးရှားအစိုးရနဲ့ မလေးရှား စစ်ဘက်ဆိုင်ရာတွေကို အပြင်းထန်ဆုံး ဆန့်ကျင်ကန့်ကွက် သွားမယ်လို့ သူတို့က ဆိုပါတယ်။ 

MH370 ပေါ်ပါသွားတဲ့ တရုတ်ခရီးသည်တွေရဲ့မိသားစုများ ကော်မတီဟာ ဒီကနေ့ အင်္ဂါနေ့မနက်မှာ မီဒီယာတွေကို တွေ့ဆုံပြီး မလေးရှား အစိုးရရဲ့ ပြောကြားချက်ကို လက်မခံကြောင်း ကြေညာချက်ကို ဖတ်ကြားသွားပါတယ်။

အင်္ဂါနေ့မနက်မှာပဲ ပီကင်းမြို့တော်မှာရှိတဲ့ မလေးရှား သံရုံးရှေ့မှာ တရုတ်မိသားစုတွေရဲ့ ပိတ်ဆို့ ဆန္ဒပြမှု ဖြစ်ပွားနေပါတယ်။

မလေးရှားပါလီမန်ဟာ အင်္ဂါနေ့မနက်မှာ MH370 အတွက် တစ်မိနစ်စာ ငြိမ်သက်မှုကို ပြုလုပ်ခဲ့ပါတယ်။ မလေးရှားအစိုးရက လေယာဉ်နဲ့ ပတ်သက်လို့ အသေးစိတ်တွေကို ဒီနေ့ အင်္ဂါနေ့မှာ သတင်းစာရှင်းလင်းပွဲ ထပ်မံ ပြုလုပ်သွားဖို့ရှိနေပါတယ်။

0 မှတ်ချက်များ for "အိန္ဒိယသမုဒ္ဒရာထဲ MH370 ‬ပျက်ကျသည်ဟု မလေးရှား အစိုးရ ပြောကြားချက်အပေါ် တရုတ်မိသားစုတွေ - ဒေါသထွက်ကန့်ကွက်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++