G8 အဖွဲ့ဝင်ကနေ ထုတ်ဖယ် ခံလိုက်ရတဲ့အပေါ် ရုရှား ဝေဖန်

ရုရှားကို စက်မှုထိပ်သီး ၈ နိုင်ငံ အုပ်စုရဲ့အဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့လိုက်မှုဟာ ကမ္ဘာ့ ဖွံ့ဖြိုး တိုး တက်ရေးကို အဟန့်အတား ဖြစ်စေမှုပဲလို့ ရုရှား သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Dmitry Peskov က ပြောဆို လိုက်ပါတယ်။

နယ်သာလန် နိုင်ငံမှာ ကျင်းပနေတာ ၂ ရက် ရှိနေပြီ ဖြစ်တဲ့ နယူကလီးယား လုံခြုံရေးထိပ်သီး အစည်း အဝေးမှာ ရုရှားကို ဦးဆောင်ဆွေးနွေးသူ နေရာမှာ မထည့်ခဲ့တဲ့ ဥရောပ၊ မြောက် အမေရိကနဲ့ ဂျပန်က အစိုးရ ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်မှုကို မစ္စတာ Peskov က ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

အဲဒီ ထိပ်သီး အစည်းအဝေး အတွင်း ဆွေးနွေးစရာ ကိစ္စတွေမှာ ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားထဲ ထည့်သွင်းခဲ့တဲ့ အကြောင်းကပဲ လွှမ်းမိုးနေပါတယ်။

ရုရှားရဲ့ အပြုအမူဟာ ကျန်ထိပ်သီး စက်မှုနိုင်ငံတွေ အတူတကွ မျှဝေယုံကြည်ထားမှုတွေနဲ့ မကိုက်ညီ ဘူးလို့ အမေရိကန် သမ္မတ အိုးဘားမားက ပြောခဲ့ပါတယ်။

ရုရှား သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ Peskov ကတော့ စက်မှုထိပ်သီး ၈ နိုင်ငံ အုပ်စုနဲ့ ဆက်ဆံရေး
ပြန်လည် စတင်နိုင်ဖို့ရာ စကားပြောဆို ဆွေးနွေကြဖို့ကို ရုရှားဘက်က အခုထက်ထိ အလိုရှိတုန်းပဲ လို့ ပြောခဲ့ပါတယ်။

0 မှတ်ချက်များ for "G8 အဖွဲ့ဝင်ကနေ ထုတ်ဖယ် ခံလိုက်ရတဲ့အပေါ် ရုရှား ဝေဖန်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++