NCCT ခေါင်းဆောင် အချို့ က တပ်မတော်အပေါ် ယုံကြည်မှုရှိလာ
ဘားအံငြိမ်းချမ်းရေး ဆွေးနွေးပွဲအကြိုအတွက်
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး
ကော်မတီနှင့် အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ ရန်ကုန်မြို့
မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံမှုအပြီး တပ်မတော်ကို ယုံကြည်လာကြောင်း (NCCT) မှ ခေါင်းဆောင်အချို့ က ပြော သည်။

ဒီအကြိုဆွေးနွေးပွဲမှာ တပ်မတော် ကိုယ်စားလှယ် အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ၄ ဦး၊ ဗိုလ်ချုပ်အဆင့်၂ဦး ပါဝင်လာတယ်။ တပ်မတော် ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်လည်း အလားအလာ ကောင်းပါတယ်။ အရင်တုန်းက တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးမှာ တပ်မတော်က ပါဝင်မှု မရှိဘူးလို့ ပြောကြတာ အခုကတော့ တကယ်ပါလာပြီလို့ ခံစားရပါတယ်။ ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အထွေထွေ အတွင်းရေးမှူးလည်းဖြစ် (NCCT) ဒုတိယ ခေါင်းဆောင်လည်းဖြစ်သူ ပဒိုကွယ်ထူးဝင်းက သုံးသပ် ပြော ကြားခြင်းဖြစ်သည်။
ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းကလည်း “ငြိမ်းချမ်းရေးအတွက် တကယ် ကိုယ်ဖိ ရင်ဖိ လုပ်ချင်တဲ့ ဆန္ဒကို ဖော်ပြတဲ့အပေါ်မှာ အများကြီး ဝမ်းသာတယ်၊ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် မဖြစ်မနေ ချုပ်ဆို ရမည်ဆိုသော ဆန္ဒပြင်းပြမှု တပ်မတော်မှာ ရှိနေတယ်" ဟု ပြောသည်။
“ဒီနေ့ သူတို့က စေတနာ ရိုးရိုးသားသား နဲ့ ဆွေးနွေး ကြတယ်။ ပိုပြီးတော့ နားလည်မှုရကြတယ်” ဟု ဦးနိုင်ဟံသာက ဆိုသည်။
အကြိုဆွေးနွေးပွဲမှာ UPWC ဖက်မှ ကိုယ်စားလှယ် များမှာ (UPWC) ၏ ဒုတိယ ဥက္ကဌ ဖြစ်သည့် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်ပြီး ပြည်သူ့ လွတ်တော်ရေးရာ ကော်မတီ ဥက္ကဌ ဦးသိန်းဇော်၊ ဝန်ကြီး ဦးခင်မောင်စိုး၊ ဝန်ကြီး ဦးခင်ရီ၊ ဝန်ကြီး ဦးဝင်းထွန်း၊ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း တက်ရောက် ခဲ့သည်။
တပ်မတော် ကိုယ်စားလှယ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် ဗိုလ်မှူးကြီး ကျော်စိုးဝင်း တို့ ပါဝင် တက်ရောက်သည်။
NCCT ဖက်မှ တက်ရောက်သော ကိုယ်စားလှယ် များမှာ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ဒုတိယ အဖွဲ့ ခေါင်းဆောင် ပဒိုကွယ်ထူးဝင်း အပါဝင်ဒေါက်တာ ဆလိုင်း လျန်မုန်းဆာခေါင်း၊ ဦးရွှေမျိုးသန့်၊ ခွန်ဥက္ကာ၊ ဒေါ်စောမြ ရာဇာလင်း၊ ဦးထွန်းဇော်၊ ဒုတိယ ဗိုလ်မှုးကြီး ဆင်ဝါး၊ ပဒိုတာဒိုမူးနှင့် ဒုတိယ ဗိုလ်မှုး ကြီး ကျော်ဟန်တို့ဖြစ်ပါသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် မူကြမ်းပြန်လည်ရေးဆွဲဖို့အတွက်
အစိုးရကိုယ်စားပြု အဖွဲ့ဝင် ၉ ဦးနှင့် တိုင်းရင်းသား ကိုယ်စားပြု အဖွဲ့ဝင်
၉ ဦး စုစုပေါင်း ၁၈ ဦးဖြင့် ပူးတွဲကော်မတီက ဖွဲ့စည်းလိုက်သည်။
0 မှတ်ချက်များ for "NCCT ခေါင်းဆောင် အချို့ က တပ်မတော်အပေါ် ယုံကြည်မှုရှိလာ"