ဆီးရီးယားသူပုန်ရဲ့ ဖမ်းဆီးမှု ခံခဲ့ရတဲ့ ခရစ်ယာန် သီလရှင် ၃ပါး ပြန်လည် လွတ်မြောက်လာ

ဆီးရီးယားနိုင်ငံမှာ သူပုန်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ၃လ ကျော် ခံခဲ့ရတဲ့ ဂရိ အော်သိုဒေါ့စ် ခရစ်ယာန် သီလရှင် ၁၃ ဦးနဲ့ အကူ ၃ ဦးတို့ တနင်္ဂနွေနေ့ က ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ လကတည်းက ဆီးရီးယား က ခရစ်ယန် မြိုလေး ဖြစ်တဲ့ မလူလာ ကနေ ခေါ်ဆောင်သွားခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို ဖမ်းဆီးခဲ့တဲ့ အဖွဲ့ကတော့ အယ်လ်ကိုင်းဒါးနဲ့ အဆက်အသွယ်ရှိတဲ့ Al- Nusra Front အုပ်စုပဲ ဖြစ် ပါတယ်။

ဒမတ်စကတ်မြို့ကို ပြန်ရောက်လာကြတဲ့ အဲဒီ သီလရှင်တွေကို ခရစ်ယာန်နဲ့ မွတ်ဆလင် ဘာသာရေး
ခေါင်းဆောင်တွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပါတယ်။

သူတို့ဟာ နည်းနည်း ပင်ပန်းနေကြပေမယ့် အဖမ်းခံ နေရစဉ်တုန်းကတော့ ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံခံခဲ့ရတယ်လို့ ပြောပါတယ်။

ဒီလို လွတ်မြောက်လာမှုဟာ ဆီးရီးယား အစိုးရက သဘောတူခဲ့တဲ့ အပြန်အလှန် အကျဉ်းသား လွှတ်ပေးရေး သဘောတူညီမှုရဲ့ အစိတ်အပိုင်း တစ်ရပ်ပဲ ဖြစ်ပါတယ်။

ဒီသဘောတူမှု ရရှိလာအောင် လက်ဘနွှန် စစ်ဗိုလ်ချုပ်တစ်ဦးနဲ့ ကာတာနိုင်ငံတို့က ကြားဝင် ညှိနှိုင်းပေး ခဲ့ပါတယ်။

ဆီးရီးယား အစိုးရဘက်ကလည်း အမျိုးသမီးနဲ့ ကလေးသူငယ် အကျဉ်သား ၁၅၀ ပြန်လည် လွှတ်ပေးခဲ့ပါတယ်။___ဘီဘီစီ

0 မှတ်ချက်များ for "ဆီးရီးယားသူပုန်ရဲ့ ဖမ်းဆီးမှု ခံခဲ့ရတဲ့ ခရစ်ယာန် သီလရှင် ၃ပါး ပြန်လည် လွတ်မြောက်လာ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++