အာဖဂန်နစ္စတန် -ရွေးကောက်ပွဲကို အင်အားသုံးပြီး ဖျက်ဆီးဖို့ တာလီဘန် ကြေညာ

အာဖဂန်နစ္စတန်နိုင်ငံမှာ လာမယ့် ဧပြီလ အစောပိုင်း မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အင်အားသုံးပြီး အနှောင့်အယှက်ပေး ဖျက်ဆီးရမယ်လို့ တာလီဘန် ခေါင်းဆောင်တွေက သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို ညွှန်ကြားထားပါတယ်။

အာဖဂန်အရပ်သားတွေ အနေနဲ့ ဒီရွေးကောက်ပွဲမှာ ဝင်ရောက် မပတ်သက်ကြဖို့ တာလီဘန်က ထုတ်ပြန် တဲ့ ကြေညာချက်ထဲမှာ သတိပေးထားပါတယ်။

ဒီရွေးကောက်ပွဲဟာ အမေရိကန်နဲ့ သူ့ရဲ့ လက်ဝေခံတွေ လက်ဝါးရိုက်ထားတဲ့ ရုပ်ပြမျှသာ ဖြစ်တဲ့အကြောင်း တစ်နိုင်လုံးက ဘာသာရေး ဆရာတွေကနေ တဆင့် ပြည်သူတွေကို အသိပေးထားတယ်လို့ တာလီဘန်တို့ က ပြောပါတယ်။


အာဖဂန်မှာ ရွေးကောက်ပွဲ နောက်ဆုံး ကျင်းပခဲ့တာ ၂၀၀၉ ခုနှစ်က ဖြစ်ပြီး အဲဒီအချိန်ကလည်း ရွေးကောက် ပွဲ ကာလအတွင်း အကြမ်းဖက်မှု၊ သွေးထွက်သံယို ဖြစ်မှုတွေနဲ့ အရုပ်ဆိုးခဲ့ရပါတယ်။

အဲဒီအချိန်က ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် လုပ်ဆောင်ကြ သူတွေ သာမက မဲပေးကြသူ တချို့လည်း အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုကို ခံခဲ့ရ ပါတယ်။

0 မှတ်ချက်များ for "အာဖဂန်နစ္စတန် -ရွေးကောက်ပွဲကို အင်အားသုံးပြီး ဖျက်ဆီးဖို့ တာလီဘန် ကြေညာ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++