ယူကရိန်းနယ်စပ်စခန်း -နောက်တခု ရုရှားသိမ်းယူခြေကုပ်

ကရိုင်းမီယားဒေသကို ယူကရိန်းတပ်တွေ စေလွှတ်ဖို့ အစီအစဉ်မရှိဘူးလို့ ယူကရိန်းကာကွယ်ရေး ၀န်ကြီး က ပြောနေတဲ့အချိန်မှာပဲ ရုရှားက နယ်စပ် စခန်း နောက်တခုကို သိမ်းပြီး ခြေကုပ်ယူလိုက် ပါတယ်။

ကရိုင်းမီယားဒေသကို ရုရှားလက်အပ်ဖို့ အစီအစဉ် မရှိပေမယ့် ပြဿနာကို သံတမန်နည်းနဲ့ အဖြေရှာ မယ်လို့ ယူကရိန်းဝန်ကြီးချုပ်က မတ် ၉ ရက်နေ့ က ပြောပါတယ်။

ယူကရိန်းဝန်ကြီးချုပ်ဟာ ဒီတပတ်ထဲမှာ အမေရိကန်ပြည်ထောင်စုကို သွားပြီး အိမ်ဖြူတော်မှာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ အိမ်ဖြူတော်က မတ် ၉ ရက်နေ့က အတည်ပြုပါတယ်။

ယူကရိန်းနိုင်ငံအနောက်ပိုင်း လေတပ်အခြေစိုက်စခန်းမှာ လက်နက်အပြည့် တပ်ဆင်ထားတဲ့ ရုရှား တိုက်လေယာဉ်တွေ ရောက်ရှိနေတာနဲ့ပတ်သက်ပြီး အီဗာနိုဖရန်ကို့စ်ဒေသ လေတပ်အခြေစိုက်စခန်းကနေ ရုရှလုပ် မစ်တွမ်တီနိုင်း တိုက်လေယာဉ်တွေ အဆင်းအတက် လုပ်နေတဲ့ ရုပ်သံမှတ်တမ်းတွေကို ယူကရိန်း စစ်တပ်က မတ်လ ၉ ရက်နေ့မှာ ဖြန့်ချိလိုက်ပါတယ်။

ယူကရိန်းရဲ့ စစ်သည်အင်အား ၁ သိန်း ၃ သောင်းပဲ ရှိလို့ ရုရှားစစ်တပ်နဲ့ အင်အားချင်းမမျှပါဘူး။
လောလောဆယ်အထိ ယူကရိန်းအစိုးရဟာ ရုရှားနဲ့ ထိပ်တိုက်တွေ့နိုင်မယ့် လုပ်ရပ်မျိုးတွေကို မလုပ်ဘဲ နောက်ဆုတ်နေပါတယ်။

၁၉၉၄ ခုနှစ်မှာ ဗြိတိန်၊ အမေရိကန်၊ ရုရှားနဲ့ ယူကရိန်းတို့ ချုပ်ဆိုထားတဲ့ ဘူဒါပတ်စ် သဘောတူညီချက်အရ ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့မှုကို အာမခံထားပြီး အပြန်အလှန်အနေနဲ့ ဆိုဗီယက်ခေတ်က ကျန်နေတဲ့ နျူကလီးယားလက်နက်တွေကို ယူကရိန်းက စွန့်လွှတ်ပေးခဲ့ရပါတယ်။

0 မှတ်ချက်များ for "ယူကရိန်းနယ်စပ်စခန်း -နောက်တခု ရုရှားသိမ်းယူခြေကုပ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++