ရှမ်းမျိုးနွယ်စုဝင်ထဲ ထည့်သွင်းထားတဲ့ အတွက် ပအိုဝ်းကန့်ကွက်

လူဦးရေနှင့် အိမ်အကြောင်းဆိုင်ရာ သန်ခေါင် စာရင်း ကောက်ယူရာတွင် ပအိုဝ့် တိုင်းရင်းသား များကို ရှမ်းမျိုးနွယ်စု အောက်တွင် ထည့်သွင်း ထားခြင်းကို ကန့်ကွက်ကြောင်း ပအိုဝ့်စာပေနှင့် ယဉ်ကျေးမှု (ဗဟို) နာယက ဦးခွန်မောင်သောင်း က ပြောကြားသည်။

မတ်လ ၉ ရက်နေ့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်သော ပအိုဝ့်တို့သည် သီးခြား တိုင်းရင်းသား လူမျိုးဖြစ်ကြောင်း သတင်းစာ ရှင်း လင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြား လိုက်ခြင်း ဖြစ်သည်။


ပအိုဝ့် တိုင်းရင်းသားများကို သန်းခေါင်စာရင်း ကောက်ယူရာတွင် ရှမ်းလူမျိုးနွယ်စု အောက်၌ ကုတ်နံပါတ် (၈၂၆) အဖြစ် ထည့်သွင်း ကောက်ယူနိုင်သော်လည်း ပြန်လည် ပြင်ဆင်ရာတွင် ပအိုဝ့် တိုင်းရင်းသား အဖြစ် သီးခြား စိစစ်ရမည် ဖြစ်ကြောင်း ဦးခွန်မောင်သောင်းက ပြောကြားသည်။

ကုတ်နံပါတ်ကို ပြင်လို့ မရတော့ပေမယ့် သန်းခေါင်စာရင်း ကောက်ပြီး ပြန်စိစစ်တဲ့အခါမှာ ပအိုဝ့် တိုင်းရင်း သားလို့ ထည့်သွင်း ပေးရမှာပါဟု ၎င်းကဆိုသည်။

ထို့အပြင် ပအိုဝ်း တိုင်းရင်းသား များသည် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာစကား၊ စာပေနှင့် သမိုင်းကြောင်း များ ရှိသောကြောင့် ရှမ်းမျိုးနွယ်စု အဖြစ် ထည့်သွင်းမရကြောင်း ပအိုဝ့်အမျိုးသား အဖွဲ့ချုပ် PNO ဌာနေ
ပြည်သူ့စစ် ကွပ်ကဲရေးမှူး ဗိုလ်မှူး ခွန်လာက ပြောကြားသည်။

ကိုယ်ပိုင် ဓလေ့ထုံးစံနဲ့ ကိုယ်ပိုင် အမျိုးသားနေ့တွေ ရှိပါတယ်။ အားလုံးက ကိုယ့်သမိုင်းကြောင်းနဲ့ ကိုယ်နေ ခဲ့ကြတာပါဟု ၎င်းက ဆိုသည်။

ယင်းသို့ ရှမ်းမျိုးနွယ်စု အောက်တွင် ပအိုဝ့် တိုင်းရင်းသားများကို ထည့်သွင်းထားခြင်းကို ပြင်ဆင်ပေးရန် မတ်လ ပထမပတ်အတွင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ တွေ့ဆုံစဉ်တွင် တင်ပြခဲ့သော်လည်း ကုတ်နံပါတ်ကို ပြင်ဆင်ရန် မဖြစ်နိုင်သော်လည်း သန်းခေါင်စာရင်း ကောက်ယူမှု အပြီးတွင် ပြန်လည် စိစစ်ပေးမည် ဖြစ်ကြောင်း
ပြည်ထောင်စု ဝန်ကြီးက ပြန်လည် ဖြေကြားထားသည်။

အလားတူ တိုင်းရင်းသားလူမျိုး သတ်မှတ်ချက်နှင့် ပတ်သက်၍ အငြင်းပွားမှုများကို သန်းခေါင်စာရင်း
ကောက်ယူပြီးမှသာ ဖြေရှင်းရန် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ UNFPA (ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့) မှ ကိုယ်စားလှယ်များ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ဆုံစဉ် သဘောတူခဲ့ကြသည်။___တဗွိုင့်

0 မှတ်ချက်များ for "ရှမ်းမျိုးနွယ်စုဝင်ထဲ ထည့်သွင်းထားတဲ့ အတွက် ပအိုဝ်းကန့်ကွက်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++