ဘာစီလိုနာက အိရှင် ရီးယဲလ်မက်ဒရစ်ကို ၃-၄ နဲ့ အနိုင်ရ
ဒီနေ့ မနက် ၂:၃၀ က ကစားခဲ့တဲ့ ကမ္ဘာ့ အကောင်း ဆုံး ဒါဘီပွဲစဉ်တစ်ပွဲ El Clasico ဟာ တစ်ဖက်နဲ့  တစ်ဖက် ဂိုးအပြန်အလှန်သွင်းရင်း ရင်ခုန်စရာ
ကောင်းခဲ့ပါတယ်။
နှစ်သင်းစလုံးဟာ ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်ခဲ့ပြီး အိမ်ရှင် ရီးယဲလ်မက်ဒရစ်အသင်းက ဘန်ဇီမာ၊ ဂါရတ်ဘေးလ်၊ စီရော်နယ်ဒို အတွဲနဲ့ တိုက်စစ် ဆင်ခဲ့သလို ဘာစီလိုနာကလည်း နေမာ၊ မက်ဆီ၊ အင်နီယေစတာ အတွဲနဲ့ ရီးယဲလ်ဘက်ကို အကောင်းဆုံး တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။
နှစ်သင်းစလုံးဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေပိုင်ဆိုင်ထားတဲ့အသင်းတွေဖြစ်တာကြောင့် El Clasico ဟာ ကြည့်ရှုသူပရိတ်သတ်တွေကို အကောင်းဆုံးဖမ်းစားနိုင်ခဲ့ပါတယ်။
ပွဲအစ ၄ မိနစ်မှာပဲ ဂါရတ်ဘေးလ်ပေးပို့ တဲ့ဘောလုံးကို ဘန်ဇီမာ အပိုင်ကန်သွင်းရာမှာ လွဲချော်ခဲ့လို့ ရီးယဲလ် တို့ တစ်ဂိုးနစ်နာခဲ့ရပါတယ်။ ပွဲချိန် ၆ မိနစ်အရောက်မှာတော့ မက်ဆီ ပေးပို့ တဲ့ဘောလုံးကို အင်နီယေစတာ က အပြင်းကန်သွင်းခဲ့ပြီး ဧည့်သည်အသင်းအတွက် အဖွင့်ဂိုးရရှိစေခဲ့ပါတယ်။ တစ်ဂိုးပေးလိုက်ရတဲ့ ရီးယဲလ် အသင်းဟာ တိုက်စစ်မြှင့်ကစားခဲ့ပြီး ပွဲချိန် ၁၉ မိနစ်အရောက်မှာတော့ ဒီမာရီယာ ကန်တင် လိုက်တဲ့ ဘော လုံးကို ဘန်ဇီမာက ညာဘက်ထောင့်ကို ခေါင်းတိုက်သွင်းပြီး ချေပဂိုးရရှိစေခဲ့ပါတယ်။

ဒီပွဲမှာ ရီးယဲလ် မက်ဒရစ်အတွက် အကောင်းဆုံးခြေစွမ်းပြကစားသွားသူကတော့ ဒီမာရီယာဖြစ်ပြီး ဒီမာရီယာရဲ့ အလိမ်အခေါက် နဲ့ တိတိကျကျပေးပို့ မှုတွေက ဘာစီလိုနာနောက်တန်းကို အလုပ်များစေခဲ့တာပါ။
တရစပ်တိုက်စစ်ဆင်နေတဲ့ အိမ်ရှင် ရီးယဲလ်အသင်းဟာ ပွဲချိန် ၂၃ မိနစ်မှာ ဒုတိယမြောက်ဂိုးကို ရရှိခဲ့ပြန်ပါတယ်။ ညာတောင်ပံကနေ ခြေစွမ်းပြနေတဲ့ ဒီမာရီယာရဲ့ သေသပ်တဲ့ကန်တင်မှုကို ဘန်ဇီမာကပဲ ပေါင်နဲ့ ထိန်းပြီး မြေမကျကန်သွင်းယူခဲ့တာပါ။

ဘာစီလိုနာအသင်းကလည်း ပြန်တိုက်စစ်ဆင်ကစားခဲ့ပေမယ့် ရာမို့ စ်၊ ပီပီ၊ မာဆယ်လိုနဲ့ ကာဗာဂျယ် တို့ နောက်တန်းက ဖျက်ထုတ်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၄၁ မိနစ်မှာ မက်ဆီက ရီးယဲလ်မက်ဒရစ် ဂိုးဧရိယာထဲမှာ နောက်တန်းကစားသမားတွေကြားက ဘယ်ခြေနဲ့  လှလှပပ သွင်းယူခဲ့လို့ ပထမပိုင်းမှာ ၂-၂ ဂိုးနဲ့ သရေကျနေခဲ့တာပါ။
ဒုတိယပိုင်းပြန်စချိန်မှာတော့ ဘာစီလိုနာဟာ အပေးအယူမိမိနဲ့ ပဲ ရီးယဲလ်ဘက်ကို ဖိအားပေးကစားနေခဲ့ပြီး ရီးယဲလ်ကလည်း တန်ပြန်တိုက်စစ်ကတဆင့် ဘာစီလိုနာဘက်ကို ဂိုးသွင်းယူဖို့ ကြိုးစားနေခဲ့ပါတယ်။ ဒီပွဲမှာ ရီးယဲလ်မက်ဒရစ်ရဲ့ ကမ္ဘာ့ဈေးအကြီးဆုံးကစားသမားနှစ်ဦးဖြစ်တဲ့ ဂါရတ်ဘေးလ်နဲ့ ရော်နယ်ဒို တို့ ခြေစွမ်း မပြနိုင် ခဲ့သလို ဂါရတ်ဘေးလ်ရဲ့ ဖြုန်းတီးမှုတစ်ချို့ ကြောင့်လည်း ရီးယဲလ်အသင်းနစ်နာခဲ့ရတာပါ။

ပွဲချိန် ၅၃ မိနစ်မှာ တော့ ဘာစီလိုနာနောက်တန်းကို ကျော်ဖြတ်ဖို့ ကြိုးစားတဲ့ ရော်နယ်ဒိုကို ဘာစီလိုနာ
နောက်ခံလူ အဲဗက်စ်က ဂိုးဧရိယာထဲမှာ လူချခဲ့လို့ ရီးယဲလ်အသင်း ပယ်နယ်တီ ရရှိခဲ့ပြီး ရော်နယ်ဒိုကပဲ ကန်သွင်းကာ အိမ်ရှင်အသင်းကို ၃-၂ ဂိုးနဲ့ ပြန်လည် ဦးဆောင်စေခဲ့ပါတယ်။ ၆၂ မိနစ် အရောက်မှာတော့ နေမာရဲ့ ကျော်ဖြတ်မှုကို ရီးယဲလ် အသင်းခေါင်းဆောင် ရာမို့ စ်က ဂိုးဧရိယာထဲ ဆွဲလှဲခဲ့လို့ တိုက်ရိုက်အနီကတ်ပြ ထုတ်ခံခဲ့ရပြီး ဘာစီလိုနာ အသင်း ပယ်နယ်တီ ရရှိခဲ့ပါတယ်။

ဒီပယ်နယ်တီကို တိုက်စစ်မှူး မက်ဆီကပဲ ကန်သွင်းယူခဲ့ပြီး ၃-၃ ဂိုး ပြန်ဖြစ်နေခဲ့ပါတယ်။ တစ်ယောက် ထွက်လိုက်ရတဲ့ ရီးယဲလ်အသင်းဟာ တိုက်စစ်မှူး ဘန်ဇီမာနဲ့ နောက်ခံလူ ရာဖေးလ်ကို လူစားလဲကစားခဲ့ရပြီး ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ဆင်မှုကိုသာ ဖျက်ထုတ်နေခဲ့ရပါတယ်။
ဒီပွဲမှာ ရီးယဲလ်ကစားသမားတွေဟာ ကြမ်းကြမ်းရမ်းရမ်းကစားခဲ့ပြီး ပြစ်ဒဏ်ဘော ၂၄ ခါ ကျူးလွန်ခဲ့ပါတယ်။ ဆက်တိုက်ဖိအားပေးနေတဲ့ ဘာစီလိုနာတိုက်စစ်ကို ရီးယဲလ်တို့ အကောင်းဆုံးဟန့် တားဖို့ ကြိုးစားခဲ့ပေမယ့် ၈၃ မိနစ်မှာတော့ အင်နီယေစတာကို ရီးယဲလ်ကွင်းလယ်လူ အလွန်ဆိုက ဂိုးဧရိယာထဲ လူချကစားခဲ့လို့  ဒုတိယမြောက် ပယ်နယ်တီပေးလိုက်ရပြီး မက်ဆီကပဲ ဟက်ထရစ်ဂိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။
အန်ဆယ်လော့တီဟာ အစ်စကို နဲ့ မိုရာတာတို့ ကို ထည့်သွင်းပြီး ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဘာစီလိုနာ နောက်တန်းကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ဘဲ ၃-၄ ဂိုးနဲ့ ပွဲပြီးဆုံးကာ El Clasico မှာ ပြိုင်ဘက် ဘာစီလိုနာ အသင်းကို အရှုံးပေးခဲ့ရတာပါ။
ဒီပွဲရှုံးနိမ့်မှုကြောင့် ရီးယဲလ်မက်ဒရစ်အသင်းဟာ ဘက်တစ်ကိုအနိုင်ယူခဲ့တဲ့ အက်သလက်တီကို မက်ဒရစ် အသင်းနဲ့ ရမှတ်တူ ပေးဂိုးကွာခြားချက်နဲ့ ဒုတိယနေရာကို ရောက်ရှိသွားပြီး ဘာစီလိုနာအသင်းက တော့ ရမှတ် ၆၉ မှတ်နဲ့ ထိပ်ဆုံးနှစ်သင်းနဲ့ တစ်မှတ်သာကွာဟတော့ တဲ့အနေအထား ကို ရောက်ရှိ လာပြီ ဖြစ်ပါတယ်။___Ref: bbc.com

0 မှတ်ချက်များ for "ဘာစီလိုနာက အိရှင် ရီးယဲလ်မက်ဒရစ်ကို ၃-၄ နဲ့ အနိုင်ရ"