ကိုယ်ပိုင်အုပ်ချုပ်ခွင့်စာချုပ် သဖိလစ်ပိုင်အစိုးရနှင့် သူပုန်တပ်ဖွဲ့ သဘောတူ လက်မှတ်ရေထိုး

ဖိလစ်ပိုင်နိုင်ငံမှာ အစိုးရနဲ့ အကြီးဆုံး သူပုန် အဖွဲ့ဖြစ်တဲ့ Moro Islamic Liberation Front (MILF) တို့ ကြား သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီ မှုချက် ကို လက်မှတ်ထိုးခဲ့ကြပါတယ်။ 

သဘောတူညီချက်အရ မူဆလင် အများစုရှိတဲ့ Mindanao ဒေသတောင်ပိုင်းမှာ ပိုပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ MILF အဖွဲ့ အနေနဲ့ လက်နက်တွေ စွန့်လွှတ်ရ မှာဖြစ်ပါတယ်။ 

အခုလို နှစ်ဖက် ငြိမ်းချမ်းရေး သဘောတူနိုင်ခဲ့ တာနဲ့ ပါတ်သက်လို့ ဒီကနေ့ လက်မှတ်ရေးထိုးပွဲမှာ သမ္မတ Benigno Aquino က အခုလို ဂုဏ်ယူပြောကြားခဲ့ပါတယ်။
"လူသားတွေအတွက် ယုံကြည်မှုနဲ့ စိတ်အားထက်သန်မှုက ရှေ့ကိုဆက်သွားဖို့ ဘယ်လောက်စွမ်းဆောင်နိုင် သလဲဆိုတာကို သဘောတူညီမှုက ပြသလိုက် တာပဲဖြစ်ပါတယ်။ ပဋိပက္ခတွေကို အဆုံးသတ်နိုင်ဖို့မှာ  နည်းလမ်းမှန်ကန်မှု၊ အသိဉာဏ်နဲ့ စိတ်ကောင်းစေတနာရှိမှုတို့က အင်မတန် အရေးပါတယ်ဆိုတာကို
ပြသနိုင်ခဲ့တာဖြစ်တယ်"လို့ ဖိလစ်ပိုင်သမ္မတက ပြောကြားသွားတာဖြစ်ပါတယ်။ 

၂၀၀၁ခုနှစ်ထဲက စတင်ဆွေးနွေးမှုကနေ ငြိမ်းချမ်းရေး သဘောတူညီမှုရခဲ့ပေမဲ့ တကယ်ငြိမ်း ချမ်းဖို့ အတား အဆီးတွေ အများကြီးရှိနေပါသေးတယ်။ 

MILF ကနေ ခွဲထွက်သွားတဲ့ BIFF အဖွဲ့က အပြည့်အဝ လွတ်လပ်ရေး မရမခြင်း ဆက်ပြီးတိုက်ပွဲဝင်သွား မယ်လို့ ပြောပါတယ်။
Al-Qaida နဲ့ ဆက်နွယ်မှုရှိတယ်လို့ပြောကြတဲ့ Abu Sayyaf အစ္စလာမ် စစ်သွေးကြွ အဖွဲ့ဟာလဲ အဲဒီ့ဒေသ ဖက်မှာ လှုပ်ရှားနေပါတယ်။ Bangsamoro လို့ခေါ်ရမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွက် နိုင်ငံရေးအရ လိုက်နာရမယ့် မူဘောင်တွေကို ချမှတ်ဖို့ ဖိလစ်ပိုင်လွှတ်တော်က ဥပဒေတခုကို အတည်ပြုပေးဖို့ လိုပါတယ်။

 ဒီဥပဒေကို သမ္မတ Aquino ရဲ့ သမ္မတသက်တမ်း မကုန်ခင် ၂၀၁၆မကုန်ခင်မှာ အတည်ပြုဖို့လိုတယ်လို့ အများက ထောက်ပြနေကြ ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီ MILF သူပုန်အဖွဲ့နဲ့ အစိုးရတို့ကြား တိုက်ပွဲတွေကြောင့် လူပေါင်း ၁သိန်း ၂ သောင်းကျော်သေဆုံးခဲ့ပါတယ်။

0 မှတ်ချက်များ for "ကိုယ်ပိုင်အုပ်ချုပ်ခွင့်စာချုပ် သဖိလစ်ပိုင်အစိုးရနှင့် သူပုန်တပ်ဖွဲ့ သဘောတူ လက်မှတ်ရေထိုး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++