ဘာစီလိုနာကို ရင်ဆိုင်တဲ့ အခါ သတ္တိရှိရှိနဲ့ ကစားဖို့ ပဲလိုတယ်# နီဂရီဒို
ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်အဖြစ် စပိန်ထိပ်သီး ကလပ် ဘာစီလိုနာ အသင်းကို ရင်ဆိုင်ရမည့် ပရီးမီးယားလိဂ် ကလပ် မန်စီးတီး အနေဖြင့်နောက်တစ်ဆင့်သို့ တက်ရောက်ရန် ရေပန်း စားခြင်း မရှိသော်လည်း၊ သတ္တိရှိရှိ ရင်ဆိုင်ပါက မန်စီးတီး အသင်းအတွက် အခွင့်အရေး ရှိကြောင်း မန်စီးတီး အသင်း၏ စပိန်တိုက်စစ်မှုးက တိုက်တွန်း လိုက်သည်။
မန်စီးတီး အသင်း၏ တိုက်စစ်မှုး နီဂရီဒိုက ချန်ပီယံလိဂ်တွင် ဘာစီလိုနာကို ရင်ဆိုင်သော အခါ အသင်းဖော် များ အနေဖြင့် ရှိန်နေစရာမလိုပဲ သတ္တိရှိရှိ ကစားသွားရန်သာ လိုအပ်ကြောင်း တိုက်တွန်းပြောကြား လိုက် သည်။
နီဂရီဒိုက - "သမိုင်းအရ ကြည့်မယ်ဆိုရင်တော့ ဘာစီလိုနာ အသင်းက မန်စီးတီး အသင်းကို
နောက်ကောက်ချဖို့ ရေပန်းစားနေပါတယ်၊ ဘာစီလိုနာ အသင်းဟာ မနှစ်ကလောက် မကောင်းတော့ပါဘူး ဆိုတာတော့ သတိထားမိကြမှာပါ၊ ဒါပေမယ့် ဘာစီလိုနာက ဘာစီလိုနာပါပဲ၊ ကျွန်တော်တို့ အနေနဲ့ အထူးသတိထားပြီး ရဲရဲရင့်ရင့် ရင်ဆိုင်လိုက်ရင် အခွင့်အရေးဆိုတာကို မျှော်မှန်းလို့ ရပါတယ်၊ ကျွန်တော် တို့မှာလည်း အရည်အသွေးမြှင့် ကစားသမားတွေ အများကြီးပါ၊ အသင်းဖော်တွေ အနေနဲ့ အာရုံစိုက်ပြီး အမှားနည်းနည်းနဲ့ ကစားနိုင်မယ်ဆိုရင် ဘာမဆို ဖြစ်လာနိုင်ပါတယ်" ဟုထုတ်ဖော်ပြောကြား သွားခဲ့သည်။ ____Written by အောင်ဇော်လတ်(မိုးနဲ) `

0 မှတ်ချက်များ for " ဘာစီလိုနာကို ရင်ဆိုင်တဲ့ အခါ သတ္တိရှိရှိနဲ့ ကစားဖို့ ပဲလိုတယ်# နီဂရီဒို"