ယူကရိန်းအရေး ကုလဆုံးဖြတ်ချက် ထုတ်ပြန်
ရုရှ ထောက်ခံမှုနဲ့ ကျင်းပတဲ့ ခရိုင်းမီးယား ဆန္ဒခံယူပွဲ တရားမဝင်ကြောင်းနဲ့ ယူကရိန်းရဲ့ နယ်မြေအချုပ် အခြာ တည်တံ့ခိုင်မြဲရေးကို အားပေး ထောက်ခံကြောင်း ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ က အတည်ပြု ပြဋ္ဌဌာန်း လိုက်ပါတယ်။
ဒီဆုံးဖြတ်ချက်ကို နိုင်ငံ ၁၀၀ က ထောက်ခံ ပြီး ၁၁ နိုင်ငံက ကန့်ကွက်မဲ ပေးခဲ့ကာ ၅၈ နိုင်ငံက မဲမပေးဘဲ ကြားနေခဲ့ပါတယ်။
မဖြစ်မနေ လိုက်နာ ဆောင်ရွက်စရာ မလိုပေမယ့်လည်း ဒီဆုံးဖြတ်ချက် ကြောင့် ရုရှကို သံတမန် နည်း အရ ဘေးဖယ်ထုတ်ထား သလို ဖြစ်လိမ့်မယ်လို့ အနောက် အုပ်စု နိုင်ငံ တွေက မျှော်လင့် ထားကြပါတယ်။
ရုရှရဲ့ နောက်ထပ် စွက်ဖက်မယ့် ခြေလှမ်းတွေကို တားဆီး ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ယူကရိန်း အစိုးရက ပြောဆိုပါတယ်။
ခရိုင်းမီးယားရဲ့ ကိုယ်ပိုင် ပြဌာန်းချက်ကို ထောက်ခံရမှာ ဖြစ်ကြောင်း ရုရှဘက်က ခုခံ ပြောကြား ခဲ့ပါတယ်။
ယူကရိန်းကို ဒေါ်လာ သန်းတထောင် ထုတ်ချေးမယ့် ဥပဒေတရပ်ကိုလည်း အမေရိကန် ကွန်ဂရက် လွှတ်တော်က ပြဌာန်းလိုက်ပါတယ်။

0 မှတ်ချက်များ for "ယူကရိန်းအရေး ကုလဆုံးဖြတ်ချက် ထုတ်ပြန်"