KIA ရှေ့တန်း တပ်စခန်းတခုကို အစိုးရတပ် တိုက်ခိုက်သိမ်းပိုက်

ဗန်းမော်ခရိုင်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်စခန်းတခုကို မြန်မအစိုးရတပ်ဖွဲ့က ဇန္န၀ါရီလ ၃၁ ရက်နေ့က ရုတ်တရက် ၀င်ရောက် တိုက်ခိုက်ခဲ့ရာ KIA တပ်ဖွဲ့ဝင် တဦး ကျဆုံးခဲ့ပြီး တပ်စခန်း လက်လွှတ်လိုက်ရတယ်လို့ သိရသည်။ 

ယမန်နေ့ ၃၁ ရက်နေ့ နံနက်မှာ ခမရ ၃၉၁ စစ်ကြောင်းက ရုတ်တရက် ဝင်ရောက် တိုက်ခိုက်တော့ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ရှိ တပ်မဟာ(၃)တပ်ရင်း ၁ ဒေသရဲ့ ဒဂေါမဒါ စခန်းငယ်ကို သိမ်းနိုင်တာပေါ့။ ကျနော်တို့ဘက်က ရဲဘော်တဦးလည်း ကျဆုံးသွားပါတယ်လို့ KIA တပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်မှူးဖေါ် ဂျန်ယော်ထုံက ပြောသည်။ 

ထိုနေ့ရက်မှာဘဲ ဒဂေါရွာအနီး မန်ဆိုင်းရွာအောက်မှာ မိုးမောက်မှ ခမရ ၄၃၇ အင်အား ၇၀ ကျော်ရှိ အစိုးရ စစ်ကြောင်းရဲ့ တိုက်ခိုက်မှုခံခဲ့ရပြီး ခုခံရာကနေ မိနစ် ၂၀ ကျော်ကြာခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့သေးတယ်လို့ ဆိုသည်။ 

“အစိုးရတပ်က တမင်ပြဿနာရှာတာ ကျနော်တို့ဘက်လာစရာအကြောင်းမရှိဘူး တမင်နှောင့်ယှက်နေတာ သူတို့ဘက်က ဆက်ပြီးတိုးချဲ့လာရင်တော့ တိုက်ပွဲကဖြစ်လာအုံမှာပဲဟု ထပ်လောင်းပြောသည်။ 

KIA တပ်ရင်း ၁၂ ဒေသတွင်လည်း တိုက်ပွဲများဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး ယနေ့ နံနက် ၁၀ နာရီချိန်မှ နမ်ခမ် (Nam Hkan) တွင် ပြင်းထန်တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။___Ref:KNG

0 မှတ်ချက်များ for "KIA ရှေ့တန်း တပ်စခန်းတခုကို အစိုးရတပ် တိုက်ခိုက်သိမ်းပိုက်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++