ငွေကြေးဖောင်းပွမှုနှုန်း ဂျပန်အမြင့်ဆုံးဖြစ်နေ
ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက် မှုသည် ငါးနှစ်ကျော်အတွင်း အမြန်ဆုံး အနေအထားသို့ ရောက်ရှိခဲ့ကြောင်း၊ နိုင်ငံ ၏ ငွေကြေးဖောင်းပွမှုနှုန်း တိုက်ဖျက်ရာတွင် တိုးတက်မှုရရှိရန် ကြိုးပမ်းနေကြရကြောင်း စစ်တမ်းတွင် ဖော်ပြသည်။
ဒီဇင်ဘာလအတွင်းက နှစ်ဆန်းပိုင်းနှင့်စာလျှင် ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ယင်းမှာ ဈေးကွက် ခန့်မှန်းမှုများထက် မြင့်တက် ခဲ့ကြောင်း ဖော်ပြထားသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ၁၅ နှစ်ကြာ ငွေကြေးတန်ဖိုး ကျဆင်းနေမှုကို အဆုံးသတ်ပြီး စီးပွားရေး တိုးတက်အောင် ကြိုးပမ်းသွားမည်ဟု ကတိပြုခဲ့ပြီးနောက် အဆိုပါ ကုန်ဈေးနှုန်း မြင့်တက်မှုသတင်း ထွက်ပေါ်လာခဲ့သည်။
ဂျပန်နိုင်ငံ၏ စတော့ဈေးကွက်မှာလည်း ၁ ရာခိုင်နှုန်းနီးပါး မြင့်တက်သွားခဲ့သည်။ ဂျပန်နိုင်ငံ၏ အလုပ် လက်မဲ့နှုန်းမှာလည်း ဒီဇင်ဘာလက ၃ ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်။ ___ဘီဘီစီ


0 မှတ်ချက်များ for "ငွေကြေးဖောင်းပွမှုနှုန်း ဂျပန်အမြင့်ဆုံးဖြစ်နေ"