သေနတ်သမား ပစ်ခတ်မှုကြောင့် တရုတ် ၆ ဦးသေ
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ရွာတစ်ရွာ၌ ဇန်နဝါရီ ၃၀ ရက်က လက်နက်ကိုင် တစ်ဦး၏ ပစ်ခတ်မှုကြောင့် ခြောက်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဇန်နဝါရီ ၃၁ ရက်က ပြောကြားသည်။
အဆိုပါ လက်နက်ကိုင်ဆောင်သူဟု ယူဆရသူ ၃၉ နှစ်အရွယ်ရှိ ကျောက်ကျုံကျိသည် ကျင်ကုရွာ တွင် နေ ထိုင်သူဖြစ်ပြီး တန်ချောင်းဒေသရဲဌာနက အလိုရှိနေသူ ဖြစ်သည်။
ကျောက်သည် အခင်းဖြစ်ပွားရာရွာတွင် စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး တောလမ်းသုံးကားကို အသုံးပြုကာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ဖော်ပြခဲ့သည်။
၎င်းသံသယရှိသူ လက်နက်ကိုင် သေနတ်သမားကို တွေ့ရှိ၍ သတင်းပေးပါက ဆုကြေးငွေ ယွမ် ၂၀၀၀၀၀ ချီးမြှင့်မည်ဟု ရဲဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။ ___ဆင်ဟွာ


0 မှတ်ချက်များ for "သေနတ်သမား ပစ်ခတ်မှုကြောင့် တရုတ် ၆ ဦးသေ"