သိမ်းဆည်းခံရတဲ့ ဘိုးဘွားပိုင်မြေယာများ ပြန်လည်ရရှိရေး မိုးဗြဲဒေသခံလယ်သမားတွေ ဆန္ဒပြတောင်းဆို

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့ နယ် မိုးဗြဲဒေသခံ တောင်သူလယ်သမား ၂၀၀ ကျော် တို့က ဖယ်ခုံမြို့နယ် ရဲစခန်း၏ ခွင့်ပြုချက်ဖြင့် ခမရ ၄၄၂ တပ်ရင်းက သိမ်းဆည်း ထားသည့်ယာမြေဧက ၁၅၀၀ ကျော် ပြန်လည် ရရှိရေးအတွက်  ဖေဖော် ၀ါရီလ ၅ ရက်က ဆန္ဒပြ တောင်းဆိုသည်။

သိမ်းခံရတာတော့ ၂၂ နှစ် ရှိပြီ၊ အရင်က ပြောဆို ခွင့် ပြန်တောင်းခွင့် မရှိခဲ့ဘူး၊ အခုတော့ တရားဝင် ဆန္ဒ ထုတ်ဖော်တောင်းဆိုတာ၊ ဒီမြေတွေက ကျွန်တော်တို့ ဘိုးဘွားပိုင် မြေတွေ ၊ ပြန်လိုချင်တယ်”ဟု ဆန္ဒပြ ဦးဆောင်သူ ဦးစိုးပိုင်က ပြောသည်။

လယ်ယာမြေများ သိမ်းဆည်းခံရခြင်းနဲ့ပတ်သက်ပြီး ၂၀၁၃ခုနှစ် ဇွန်လ ၂၅ ရက်တွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ထံသို့ တိုင်စာ ပေးပို့ခဲ့သလို စက်တင်ဘာလ ၁၄ ရက်တွင် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်း ခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို တိုင်ကြား ခဲ့ကြောင်း၊  စက်တင်ဘာ ၂၇ တွင် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို စာတိုင်ကြားခဲ့သော် ည်း ထူးခြင်းမှုမရှိသဖြင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၇ ရက်တွင် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့ကို ထပ်မံ တိုင်ကြားခဲ့ကြောင်း ဆိုသည်။

ဒေသခံကယန်းလယ်သမားများပိုင် လယ်ယာမြေ မိုးဗြဲ အရှေ့ဘက်ခြမ်းက ယာ ဧက ၅၀၀နှင့် အနောက် ဘက်ခြမ်း က ဧက ၁၀၀၀ ကျော်ကို ၁၉၉၂ ခုနှစ်ကတည်းက သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး လျော်ကြေး
ပေးလျော်ခြင်း မရှိခဲ့ဟု ဒေသခံတွေက ပြောသည်။

သိမ်းဆည်းခဲ့စဉ်က ယာမြေများပေါ်တွင် ပဲ၊ ပြောင်းဖူးကို အဓိက စိုက်ပျိုးခဲ့ပြီး စစ်တပ်မှ ထိုနေရာကို စီမံကိန်း နယ်မြေအဖြစ် သတ်မှတ်ကာ သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။

0 မှတ်ချက်များ for "သိမ်းဆည်းခံရတဲ့ ဘိုးဘွားပိုင်မြေယာများ ပြန်လည်ရရှိရေး မိုးဗြဲဒေသခံလယ်သမားတွေ ဆန္ဒပြတောင်းဆို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++