၆-၂-၂ဝ၁၄ မှ ၁၂-၂-၂ဝ၁၄ ရက်နေ့အထိ (၇)ရက် သားသမီးများအတွက် ဟောစာတမ်း
တနင်္ဂနွေ
ရည်မှန်းထားသည်များကို လက်တွေ့အကောင်အထည်ဖော်ရာတွင် အခက် အခဲများနှင့် ကြုံမည်။ မိဘအကြီးအကဲများ၏ ကျန်းမာရေးအတွက် စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်ရမည်။ ကိုယ်ရေးကိုယ်တာ ကိစ္စထက် တစ်ပါးသူ ပြဿနာများက ပို၍ရှုပ်ထွေးသော အနေအထား ရှိသည်။ လုပ်နေဆဲ လုပ်ငန်းအချို့ ရုတ်တရက် ရပ်တန့်မည်။
>>> ယတြာ ။ ။ မွေးနေ့တွင် ကြိမ်ဖြင့်ပြုလုပ်ထားသော အမှိုက်ခြင်းအား အသုံးပြုပေးပါ။
~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~
တနင်္လာ
ဝေးကွာနေသော မိတ်ဟောင်း ဆွေဟောင်းများနှင့် ဆုံစည်းမည်။ မြုပ်နေ သောငွေ ပြန်ပေါ်မည်။ အပြိုင်အဆိုင် အားလုံးကျော်လွှားပြီး အလိုရှိရာ ဆောင် ရွက်နိုင်မည်။ စိတ်ကူးသစ်နှင့် စတင်လုပ်ကိုင်သည်များမှ ထင်ရှားသော အောင် မြင်မှုများ ရရှိမည်။ အိပ်ခန်းအတွင်းမှာကြည့်မှန်ရှိက ဖယ်ရှားပါ။ နေအိမ် (သို့) အလုပ်ခန်း၏ တောင်အရပ်တွင် ကျွမ်းနေသောမီးသီးများနှင့် ပျက်နေသောမီးခ လုတ်များကို ပြင်ဆင်ခြင်းပြုပါ။
>>> ယတြာ ။ ။ မွေးနေ့တွင် သစ်ပင်တစ်ပင်ကို ပုလင်း ဖြင့် စိုက်ပျိုးပေးပါ။

အင်္ဂါ
စကားရှုပ်ထွေးသောသူများနှင့် ကြုံတတ်သည်။ မိသားစုတွင် ရန်အတိုက် အခံများ တစ်မျိုးပြီးတစ်မျိုး ကြုံမည်။ လုပ်ငန်းတွင်လည်း အပြိုင်အဆိုင် ပဋိပက္ခ များ ရှိနေမည်။ အနောက်တောင်အရပ် တွင် နှင်းဆီ နီနှစ်ပွင့်ကို ကြွေပန်းအိုးတွင် ထည့်ထိုးကာ အမြင့်တစ်နေရာတွင်ထားပါ။ အိမ်တွင်ထားရှိက အိမ်တွင်းရေး အပူ အေးချမ်းသွားမည်။ အလုပ်တွင်ထားရှိက အပြိုင်အဆိုင်အားလုံး ကျော်လွှားနိုင် မည်။
>>> ယတြာ ။ ။ မွေးနေ့တွင် အရုပ်တစ်ခုဝယ်၍ အမြင့်တစ်နေရာတွင်တင်ထားပါ။

ဗုဒ္ဓဟူး
ပေါ်ပေါက်လာသော အနေအထားနှင့် အခြေအနေ အလုံးစုံကို သုံးသပ်၍ တက်လမ်းများ ရရှိမည်။ သူများပြဿနာ ကိုယ့်ပြဿနာ ဖြစ်တတ်သည်။ ရန် မနာလိုသူများနှင့် ကြုံတွေ့ရမည်။ အတတ်ပညာကို အသုံးချ၍ တိုးတက်မှုများ ရမည်။ နာမည်သိက္ခာ ထိခိုက်အောင် လုပ်သောသူများ ရှိနေမည်။
>>> ယတြာ ။ ။ မွေး နေ့တွင် ပြဒါးတိုင်တစ်ခုဝယ်၍ အခန်းနံရံမှာချိတ်ဆွဲထားလိုက်ပါ။

ရာဟု
သူတစ်ပါးကိစ္စများအတွက် အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းခံ၍ လိုက်လံ ဆောင်ရွက်ရခြင်းများ ရှိမည်။ ဆွေမျိုး ဒုက္ခပေးတတ်သည်။ မိမိအပေါ် ချောက် တွန်းသူ၊ အမှားရှာ၍ လိုက်လံတိုက်ခိုက်သူများ ဝန်းရံနေသည်။ အလုပ်ကိစ္စများ အမှားအယွင်းမရှိအောင် ထိန်းသိမ်း၍ လုပ်ကိုင်ရမည်။ စာရင်းဇယား အရှုပ် အထွေးများ ရှိမည်။ ဖခင်ပိုင်ဆိုင်သော ပစ္စည်းတစ်ခုခုအား အနောက်မြောက် အရပ် အမြင့်တစ်နေရာတွင် ထားရှိပါ။ လာဘ်လာဘ တိုးပွားမည်။
>>> ယတြာ ။ ။ မွေး နေ့တွင် ကလေးကစားစရာကားရုပ်တစ်ရုပ်ဝယ်ပြီး ဧည့်ခန်းအတွင်းထားရှိပါ။

ကြာသပတေး
ကျန်းမာရေး အညံ့ရှိသည်။ အခက်အခဲကြားမှ တိုးတက်မည်။ စုပေါင်းတွဲ ဖက်လုပ်ရန်အတွက် ကမ်းလှမ်း ခံရမည်။ အတတ်ပညာအတွက် ဆောင်ရွက်ခြင်း မှ အဆင့်မြင့်သော တက်လမ်းများ ဖြစ်ပေါ်မည်။ ပေါ် လာသော စိတ်ကူးများကို လက်တွေ့အကောင်အထည် ဖော်သင့်သည်။ မလိုအပ်ဘဲ စကားမြောက်မြား စွာ ပြောဆိုခြင်း မပြုရ။ မိဘအကြီးအကဲများ၊ ဆရာသမား အကြီးအကဲများအတွက် စိတ်ပင်ပန်းရခြင်းများ ရှိမည်။
>>> ယတြာ ။ ။ မွေးနေ့တွင် ရေနွမ်းကြမ်း သောက်သုံးပြီး လိုရာဆန္ဒပြုပါ။

သောကြာ
အိမ်တွင်းရေး၊ မိသားစုရေးတွင် စိတ်အနှောင့်အယှက် ရှိမည်။ ရန်အတိုက် အခံများနှင့် ထိပ်တိုက်ရင်ဆိုင် ရမည်။ ကိုယ့်အပေါ် ကူညီသူထက် နှောင့်ယှက်သူ များ ဝန်းရံနေမည်။ ငွေကြေးအပေးအယူကိစ္စ၊ လူမှုရေးရာများတွင် သတိနှင့် ယှဉ်၍ ဆောင်ရွက်ရမည်။ ယုံကြည်မှုအပြည့်နှင့် ဆက်ဆံခဲ့သောသူမှ မိမိအ ပေါ်ဒုက္ခပေးတတ်သည်။
>>> ယတြာ ။ ။ မွေးနေ့တွင် ကြက်၊ ငှက် သတ္တဝါ အစာကျွေးပါ။

စနေ
အတိုက်အခံကြားမှ အလုပ်စီးပွား တိုးတက်ခြင်းများ ဖြစ်ထွန်းမည်။ လာဘ် ပွင့်မည်။ ကြွေပန်းကန်ပြား တစ်ချပ်အတွင်း ရေဖြည့်၍ ¤င်းရေတွင် အဖြူ ရောင်ပန်းများကို မျော၍ မြောက်အရပ် အမြင့်တစ်နေရာတွင် ထားရှိပါ။ ဥစ္စာ ဓန စီးပွားများတက်မည်။ အလိုပြည့်ခြင်း၊ အောင်မြင်ခြင်းများ ဆက်တိုက်ဖြစ် ပေါ်မည်။
>>> ယတြာ ။ ။ မွေးနေ့တွင် မိုးပြာရောင် သိုးမွေးဦးထုပ်တစ်ခု ဝယ်ယူသုံးစွဲပါ။

0 မှတ်ချက်များ for "၆-၂-၂ဝ၁၄ မှ ၁၂-၂-၂ဝ၁၄ ရက်နေ့အထိ (၇)ရက် သားသမီးများအတွက် ဟောစာတမ်း"