ဘာစီလိုနာခံစစ်က မာတီနိုရဲ့ အိပ်မက်မက်ကို ခြိမ်းခြောက်နေ
အိမ်ကွင်းမှာ ဗလင်စီယာကို ရှုံးနိမ့်ခဲ့ရတဲ့ ဘာစီလိုနာဟာ ၂၀၁၂ခုနှစ်နောက်ပိုင်း လာလီဂါ အမှတ်ပေးဇယားထိပ်ကနေ ဆင်းပေးရတော့မှာဖြစ်ပြီး ဒီည ပွဲစဉ်တွေ မှာ အက်သ လက်တီ ကို၊ ရီးရဲလ်တို့ အနိုင်ရမယ်ဆိုရင် တတိယနေရာ ကို ရောက်ရှိသွားမှာဖြစ်ပါတယ်။
နူးကမ့်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံးပွဲစဉ်(၂၅)ပွဲ ဆက် အနိုင်ရခဲ့တဲ့ ဘာကာဟာ (၃၁)ပွဲဆက် ရှုံးပွဲမရှိခဲ့ပေမယ့် ဗလင်စီယာနဲ့ပွဲမှာ ကစားခဲ့တဲ့ ခြေစွမ်းပိုင်းကို ပိုင်းခြားကြည့်မယ်ဆိုရင်တော့ ခံစစ်ပိုင်း အားနည်းမှုကို အတိုင်းသားမြင်တွေ့ရနိုင်ပါတယ်။
ဒုတိယပိုင်း ပြန်စပြီး ၃မိနစ်အကြာမှာ သွင်းခဲ့တဲ့ ပီယာတီရဲ့ခေါင်းတိုက်ဂိုးမှာ ဂိုးသမား ဗဲဒက်စ်ရော၊
နောက်ခံလူ အဲလ်ဗက်စ်ရော အမှားမကင်းခဲ့သလို တတိယဂိုးကလည်း အယ်လ်ကာဆာကို ကပ်မထားမိတဲ့ ပီကေးရဲ့ ပယောဂကြောင့်ပါပဲ။
နောက်ခံလူ အဲလ်ဗက်စ်ရော အမှားမကင်းခဲ့သလို တတိယဂိုးကလည်း အယ်လ်ကာဆာကို ကပ်မထားမိတဲ့ ပီကေးရဲ့ ပယောဂကြောင့်ပါပဲ။
ဗလင်စီယာကတော့ ဘာစီလိုနာ ကွင်းလယ်ကို ထိန်းချုပ်ပြီး အားနည်းတဲ့ ဘာကာခံစစ်ကြောင်းကို လျင်မြန်မှုနဲ့ ဒုက္ခပေးနိုင်ဖို့ ကြိုးစားသွားခဲ့တာ တွေ့ရပါတယ်။ ဒီနေရာမှာ အဲလ်ဗက်စ်နဲ့ ဂျော်ဒီအယ်လ်ဘာ တို့ရဲ့ တိုက်စစ်အလွန်အကျွံ လိုက်ပါမှုကလည်း ဘာကာခံစစ်ကို ယိုင်နဲ့စေခဲ့ပြီး goal.com ရဲ့ ဆောင်းပါးရှင် ဘန်ဟေးဝက်ဒ်ကတော့ ခံစစ်ပိုင်း မပြုပြင်ဘူးဆိုရင် ဘာကာ အောင်မြင်မှုရဖို့ မလွယ်ဘူးလို့ သုံးသပ်ခဲ့ပါတယ်။
ဘာစီလိုနာဟာ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကစားဖို့ ရှိနေပြီး မန်စီးတီး တိုက်စစ်ပိုင်းကလည်း အခုချိန်မှာ ဥရောပအကောင်းဆုံး တိုက်စစ်ပိုင်းဖြစ်နေလို့ ခံစစ်မလုံခြုံဘူးဆိုရင် ဘာကာ အခက်တွေ့နိုင်တယ်လို့ ဘန်ဟေးဝက်ဒ်က ဆိုပါတယ်။
ဒါတင်မဟုတ်ဘဲ ခံစစ်ပိုင်း ပေါက်ပြဲနေရင် ဘာကာရဲ့ဆုဖလား မျှော်လင့် ချက်တွေ အဆုံးသတ်ကောင်းမှာ မဟုတ်ဘူးလို့လည်း သတိပေးသွားခဲ့ပါသေးတယ်။


0 မှတ်ချက်များ for "ဘာစီလိုနာခံစစ်က မာတီနိုရဲ့ အိပ်မက်မက်ကို ခြိမ်းခြောက်နေ"